Learn with a Free Trial
အမြတ်တိုးဖို့ : သိပ်သတိထားမိလေ့မရှိတဲ့ ဝင်ငွေလမ်းကြောင်း ၇ ခု
Min Than Htut

လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေဟာ နေ့စဥ် လုပ်ငန်းထဲမှာဘဲ ရုန်းကန်ရင်းနဲ့ ဝင်ငွေလမ်းကြောင်းအသစ်တွေ ရှာဖွေကြည့်ဖို့အတွက် မေ့နေတတ်ကြပါတယ်။​

 

ပြိုင်ဆိုင်မှုများလာတယ်။ စီးပွားရေး အခြေအနေ အလှုပ်အခတ်တွေကြားထဲမှာ ဘယ်လိုနည်းလမ်းနဲ့ဘဲ ဝင်ငွေရရ ကိုယ့်အတွက် အကျိုးများမှာပေါ့။

 

ဝင်ငွေရှိမှာ ရပ်တည်နိုင်မယ်။ လုပ်ငန်းချဲ့ထွင်နိုင်မယ်။ လုပ်ငန်းရဲ့ အဓိက ဝင်ငွေလမ်းကြောင်းအပြင် ကိုယ်တိုင် စမ်းသပ်ကြည့်သင့်တဲ့ ဝင်ငွေလမ်းကြောင်း ၇ ခု အကြောင်းကို ပြောပြပါမယ်။

 

🏆 Subscription Services: Ensuring Steady Cash Flow

 

လုပ်ငန်းတွေမှာ ဝင်ငွေဟာ မငြိမ်တာမျိုး ဖြစ်တတ်ပါတယ်။ ပုံမှန်ဝင်ငွေလမ်းကြောင်းခိုင်နေဖို့လိုတယ်။ လစဥ်ပေး/နှစ်စဥ်ပေး စနစ်ပုံစံမျိုးကို စဥ်းစားကြည့်နိုင်တယ်။ ပုံမှန်စားသုံးနိုင်မယ့် ထုတ်ကုန်မျိုးတွေဟာ ဒီနည်လမ်းနဲ့ ကိုက်တယ်။ လစဥ်ပေး/နှစ်စဥ်ပေး စနစ် (Subscription Services) ကို သေချာ အကောင်အထည်ဖော်နိုင်ရင် ကိုယ့်ဝင်ငွေ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်တယ်။ ဘဏ္ဌာရေးအရ တည်တည်ငြိမ်ငြိမ်ဖြစ်နိုင်မယ့် အနေအထားမျိုးရှိတယ်။

 

ထုတ်ကုန်ထုတ်တဲ့ လူတွေအနေနဲ့

 

လစဥ်မှာယူတဲ့လူတွေကို ဈေးနှုန်းတစ်ခု သက်သာခွင့်ပေးတာ၊ တခြားခံစားခွင့်တွေပေးပြီးတော့ ပုံမှန်ဝယ်သူဖြစ်လာအောင်လုပ်နိုင်တယ်။

 

ရောင်းအားကောင်းလေ့ရှိတဲ့ ပစ္စည်းတွေကို ပုံမှန်မှာယူမယ်ဆိုရင် သက်သာခွင့်ဘယ်လောက်ပေးမယ်။ Stock ပြတ်ဖို့ဖြစ်လာရင်တောင် Subscription သမားတွေက ဦးစားပေး စာရင်းထဲမှာ ပါမယ်ဆိုတာမျိုး။

 

ဝန်ဆောင်မှု ရောင်းတဲ့လူဆိုရင် ကိုယ့်ဝန်ဆောင်မှုကို လစဥ်ပေး နဲ့ ရောင်းတာမျိုးလုပ်နိုင်တယ်။ ဥပမာ။ ။ မားကက်တင်း အေဂျင်စီ ဆိုပါတော့ တစ်လချင်း ပက်ကေ့ ဆို ၁၀၀၀၀၀ ခြောက်လ ပေး Subscription ဆိုရင် ၅၀၀၀၀၀ သိန်း။​ စသည်ဖြင့် Bulk Purchase သဘောမျိုးနဲ့ တွဲရောင်းတာမျိုးတွေ စဥ်းစားနိုင်တယ်။

 

ကိုယ့်ရောင်းကုန်ကို လစဥ်ပေး/နှစ်စဥ်ပေး နဲ့ သွားလို့ရမယ့် နည်းလမ်းရှိနိုင်မလား စဥ်းစားကြည့်ပါ။​

 

🏆 Value-Added Services: Enhancing Your Offerings

 

ဝယ်သူတွေက တခါတလေ တနေရာတည်းမှာ အကုန်ရတာမျိုးလဲ မျှော်လင့်တတ်ကြတယ်။ တကယ်လိုအပ်တဲ့အရာတွေအတွက် သုံးဖို့အတွက် ထပ်လိုမယ့်အရာတွေပါ တခါတည်း မျှော်လင့်တာမျိုးလဲ ရှိတတ်ပါတယ်။ 

ဝယ်သူတွေအတွက် တန်ဖိုးတကယ်ပေးနိုင်မယ့် အရာတွေကို သေချာစဥ်းစားပြီးတော့ စီစဥ်ပေးတာ၊ ထပ်တိုးရောင်းချတာမျိုးလုပ်နိုင်တယ်။ 

ကိုယ့်လက်ရှိရောင်းနေတာတွေကို ဝယ်သူသုံးဖို့အတွက် တခြားလိုအပ်တာတွေ ဘာတွေရှိနေနိုင်မလဲ။

 

အလွယ်ဆုံး ဥပမာပေးရရင် ကိုယ့်ဆိုင်က လာဝယ်တဲ့ ပစ္စည်းတွေကို လက်ရှိမှာ ရောင်းတာဘဲ လုပ်နေတယ်ဆိုရင် ပို့ပေးတဲ့ ဝန်ဆောင်မှုကို ကိုယ်တိုင် ထပ်တိုးတာမျိုး လုပ်နိုင်သလို၊ ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ပြီးတော့လဲ ကော်မရှင် နည်းနည်းယူပြီးတော့ လုပ်ပေးတာမျိုးတွေ စဥ်းစားနိုင်တယ်။

 

ကိုယ့်အတွက်ဘာမှ သိပ်လုပ်စရာမလိုဘဲနဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုတိုးနိုင်တယ်။​

 

အပေါ်မှာပြောထားတဲ့ မားကက်တင်း အေဂျင်စီဆိုပါတော့ Media Buying တစ်ခုတည်းလုပ်နေတာထပ်ကို ဓာတ်ပုံရိုက်၊ ဗွီဒီယိုရိုက်တဲ့ ဝန်ဆောင်မှုတွေနဲ့ တွဲပေးတာမျိုးတွေ စဥ်းစားနိုင်တယ်။

 

🏆 Private Labeling and Customization: Catering to Niche Markets

 

ဈေးကွက်မှာ သူမတူအောင် လုပ်နိုင်တာဟာ အောင်မြင်ရေးအတွက် ခရာကျတယ်။ Private Labelling ဝယ်သူနာမည်နဲ့ ထုတ်ပေးနိုင်အောင်လုပ်တာ။ Customization ဝယ်သူတောင်းဆိုတဲ့အတိုင်း လုပ်ပေးနိုင်အောင် ပြင်ဆင်ကြိုးစားပေးတာမျိုးတွေဟာ ဈေးကောင်းကောင်းယူလို့ရပါတယ်။​

 

ဝယ်သူတွေအတွက် သီးသန့်ဖန်တီးပေးနိုင်ခြင်းက ကိုယ့်လုပ်ငန်းအတွက် ရေရှည်ဖောက်သည်တွေဖြစ်လာနိုင်ပါတယ်။ ဒီနည်းလမ်းဟာ Customer Relationship Strategies ၄ ခုထဲက တစ်ခုလဲ ဖြစ်ပါတယ်။ 
 

 

🏆 Bulk Sales and Corporate Partnerships: Scaling Your Revenue

 

လက်လီ၊ လက်ကားရယ်ဆိုပြီးရှိတဲ့အခါကျတော့ များများဝယ်လေ့ရှိတဲ့ လက်ကြီးသမားတွေကို ရအောင်ရှာဖို့ ထိန်းတတ်ဖို့ စဥ်းစားပါ။ B2B၊ B2C ဈေးကွက် နှစ်ခုစလုံးကို သေချာ စဥ်းစားပါ။ ဒီဈေးကွက် ဝယ်ယူတဲ့နှုန်း၊ ပမာဏကြီးတတ်ပါတယ်။ ဝယ်ဖြစ်သွားလို့ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှုကို ကြိုက်တယ်၊ သဘောကျတယ်ဆိုရင် ရေရှည်လက်တွဲဖြစ်သွားတဲ့အခါ ကိုယ့်ဝင်ငွေ တည်ငြိမ်မှုအတွက် အထောက်အပံ့ကောင်းဖြစ်ပါတယ်။

 

Corporate Sales ကို သွားရင် Key Account Management ကောင်းဖို့လိုတယ်။ Relationship နဲ့ Professionalism ဟာ ဒီဈေးကွက်မှာ ခရာဖြစ်ပါတယ်။ 

(B2B Sales Management အတွက်ဆိုရင် Better Sales Strategiest Online သင်တန်းတက်နိုင်ပါတယ်။ ဒီလအတွက် ၂၀% သက်သာခွင့်လဲ​ရှိနေပါတယ်။)

 

🏆 Training and Consulting Services: Sharing Your Expertise

 

လုပ်ငန်းတစ်ခုမှာ အကြာကြီးလုပ်ခဲ့ပြီးပြီ။ သိသင့်သိထိုက်တာ၊ တတ်သင့်တတ်ထိုက်တာတွေလဲ သင်ယူပြီးပြီဆိုရင် နောက်ထပ် ဝင်ငွေလမ်းကြောင်းအနေနဲ့ သင်တန်းတွေ လုပ်ပေးတာ၊ ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းထဲမှာ အကြံပေး၊ ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုမျိုးတွေလဲ စဥ်းစားလို့ရပါတယ်။

 

သင်တန်းဆရာ၊ အကြံပေး ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ၊ အသိအမှတ်ပြုလက်မှတ်လိုတယ်ဆိုရင် ကိုယ်တိုင် အရင်ဖြည့်ဆည်းဖို့တော့လိုမယ်။ ပြီးတော့ ကိုယ့်ကျွမ်းကျင်မှု၊​ စေတနာနဲ့ ပေါင်းစပ်ပြီးတော့ တခြားလုပ်ငန်းတွေကို ကူညီရင်း ဝင်ငွေလမ်းကြောင်း တစ်ခု တည်ဆောက်နိုင်ပါတယ်။

 

🏆 Eco-Friendly and Sustainable Products: Tapping Into New Markets


 

သဘာဝ ပတ်ဝန်းကျင်ကို အလေးထားလာတဲ့ လူတွေရှိလာတယ်။ ဒါကြောင့် ပစ္စည်းဝယ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်နည်းစေတဲ့ နည်းပညာတွေနဲ့ ထုတ်တဲ့ ပစ္စည်းမျိုးတွေကို လိုက်ဝယ်ချင်တဲ့လူတွေရှိလာတယ်။

 

လက်ရှိကိုယ့်ရောင်းကုန်မှာကိုဘဲ​ Sustinable Criteria တွေကို ထည့်သွင်းစဥ်းစားပြီး ထုတ်မယ်။ ဝယ်ကတည်း တတ်နိုင်သမျှ Eco-Friendly ဖြစ်တဲ့ ပစ္စည်းတွေသုံးတယ်၊ ထုတ်တဲ့အခါ၊ ရောင်းတဲ့အခါက အစ သေချာ ပြင်ဆင်ပြီး လုပ်မယ်ဆိုရင် ဈေးကွက်အနေအထားအရ သေးနေသေးပေမယ့် ကိုယ့်လုပ်ငန်းအတွက် ဈေးကွက်သစ်တစ်ခုကို အခုကတည်းက ခြေစလှမ်းထားနိုင်တဲ့ အနေအထားမျိုး စဥ်းစားနိုင်မယ်။

 

🏆 Digital Products and Services: Expanding Beyond Physical Goods

 

အင်တာနက်ခေတ်ထဲမှာ ကိုယ့်ဈေးကွက်ကို နေရာတိုင်း ရောက်အောင် မကြိုးစားကြည့်သင့်ဘူးလား။

 

ကိုယ့်ဟာ ကုန်ပစ္စည်းရောင်းနေရင် ဒီနည်းဟာ အသုံးမဝင်ဘူးလို့ စဥ်းစားနိုင်တယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေ အားလုံးနည်းပါးဟာ Digital Products အနေနဲ့ ပြောင်းနိုင်ပါတယ်။

 

ကုန်ပစ္စည်းဆိုရင်လဲ မရဘူးလားဆိုရင် ရပါတယ်။ ကိုယ့်ထုတ်ကုန်အကြောင်းကို ရှင်းပြတဲ့ Content တွေ ဖန်တီးတာမျိုး၊​

ဖြန့်ဖြူးရေး လုပ်ငန်းတွေ နဲ့ Digital Catalogs တွေလုပ်ပေးထားတာ၊​ Logistic Software တွေသုံးတာ၊ ဝယ်သူတွေအတွက် ဖန်တီးပေးတာမျိုးတွေ လုပ်နိုင်တယ်။

 

ဝင်ငွေလမ်းကြောင်း အသစ်တွေ ဖွင့်နိုင်ဖို့ဆိုရင် အပေါ်မှာ ပြောပြခဲ့တဲ့ လမ်းကြောင်းတွေကို အချိန်ယူပြီး စဥ်းစားပြီးတော့ ဘယ်လမ်းကြောင်းတွေကို လာမယ့် ၆-၁ နှစ်အတွင်းမှာ လုပ်နိုင်တယ်။ ဘယ်လမ်းကြောင်းတွေကို ဘယ်အချိန်မှာ အကောင်အထည်ဖော်မယ်ဆိုမျိုး စဥ်းစားကြည့်ပါ။​

 

အခွင့်အလမ်း အသစ်တွေ ထပ်တွေ့လာပါလိမ့်မယ်။

 

 

✅ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် Cost-Cutting (ကုန်ကျစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ)

 

✅ Profit Enhancement Strategies (အမြတ်တိုးအောင်လုပ်ဆောင်နိုင်မယ့် နည်လမ်း) တွေကို

 

✅ ဘဏ္ဌာရေးအချိုးတွေကို သေချာတွက်ချက်တတ်ဖို့၊ နားလည်ဖို့၊​

 

✅ AI ကို ကိုယ့်အတွက် Financial Analyst အနေနဲ့ အကောင်းဆုံး အသုံးချချင်တယ်ဆိုရင်

 

Financial Stability : Cost-Cutting & Profit Enhancement Strategies သင်တန်းကို တက်ပါ။
 

09880902558 ကိုလဲ ဆက်သွယ်ပြီး စုံစမ်း၊ သင်တန်းအပ်နိုင်ပါတယ်။​

0 Like

Related Post

Related Course

Marketing Consulting Service
Marketing Consulting Service
Min Than Htut
MMK 500,000
yellow-star0.0(680)
Marketing Psychology: (စိတ်ပညာကို မားကက်တင်း နဲ့ အရောင်းပိုင်းမှာ လက်တွေ့အသုံးချခြင်း)
Marketing Psychology: (စိတ်ပညာကို မားကက်တင်း နဲ့ အရောင်းပိုင်းမှာ လက်တွေ့အသုံးချခြင်း)
Min Than Htut
MMK 83,000
yellow-star4.1(718)
Marketing Planning - အချိန်တိုအတွင်းမှာ မားကက်တင်း စီမံချက် ရေးဆွဲနိုင်ဖို့
Marketing Planning - အချိန်တိုအတွင်းမှာ မားကက်တင်း စီမံချက် ရေးဆွဲနိုင်ဖို့
Min Than Htut
MMK 83,000
yellow-star4.7(695)
10 Days Brand Mastery (Branding Secrets)
10 Days Brand Mastery (Branding Secrets)
Min Than Htut
MMK 83,000
yellow-star5.0(700)
မငြိနဲ့ ... ညှိ
မငြိနဲ့ ... ညှိ
Min Than Htut
Free
yellow-star4.2(1354)
Better Sales Strategist (မဟာဗျူဟာမြောက် အရောင်းပိုင်း စီမံခန့်ခွဲနိုင်ဖို့)
Better Sales Strategist (မဟာဗျူဟာမြောက် အရောင်းပိုင်း စီမံခန့်ခွဲနိုင်ဖို့)
Min Than Htut
MMK 83,000
yellow-star3.4(714)
Better Sales Leader (အရောင်းအဖွဲ့ကို အကောင်းဆုံးဦးဆောင်နိုင်ဖို့)
Better Sales Leader (အရောင်းအဖွဲ့ကို အကောင်းဆုံးဦးဆောင်နိုင်ဖို့)
Min Than Htut
MMK 83,000
yellow-star4.1(715)
Designing Your Life -  ဘဝရဲ့ ဒီဇိုင်း
Designing Your Life - ဘဝရဲ့ ဒီဇိုင်း
Aung Min Nyein
MMK 70,000
yellow-star4.7(684)
Better Sales Mastery Series - အရောင်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး ရောင်းအားတက်စေဖို့
Better Sales Mastery Series - အရောင်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး ရောင်းအားတက်စေဖို့
Min Than Htut
MMK 95,000
yellow-star4.6(697)
Magic Words for Sales _ အရောင်းပိုင်းအတွက် အထိရောက်ဆုံး စကာလုံး အသုံးအနှုန်းများ
Magic Words for Sales _ အရောင်းပိုင်းအတွက် အထိရောက်ဆုံး စကာလုံး အသုံးအနှုန်းများ
Shun Wutyi
Free
yellow-star4.5(1408)
logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube