စီးပွားရေးလုပ်ငန်းကို ဦးဆောင်ရတာက သင်္ဘော ကပ္ပတိန်လိုပါဘဲ။ ကပ္ပတိန်တစ်ယောက်က ရာသီဥတု၊ လှိုင်းအနေအထား၊ ဖြစ်နိုင်တဲ့ အခက်အခဲတွေကို သိဖို့လိုသလို လုပ်ငန်းရှင်အနေနဲ့လဲ ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးပိုင်းမှာ သိရှိနားလည်နေဖို့လိုတယ်။
ဘဏ္ဍာရေးပြသနာတွေက တကယ်တော့ နေ့ချင်းညချင်းကြီး ဖြစ်လာတတ်တာမျိုးတော့လဲ မဟုတ်ဘူး။ တဖြည်းဖြည်းချင်း သတိလက်လွတ်နေရင်းကနေ မရှူနိုင်မကယ်နိုင် ဖြစ်လာတဲ့အချိန်ရောက်တော့မှ သတိထားမိတတ်ကြတာမျိုး ဖြစ်တတ်ပါတယ်။
အခု ဒီပိုစ့်မှာ ပြောပြမယ့် ဘဏ္ဌာရေး သတိပေးချက်တွေကို သတိထားကြည့်တာမျိုး လုပ်မယ်ဆိုရင် ကိုယ့်လုပ်ငန်းအတွက် ကြိုတင်ကာကွယ်သင့်တာ၊ လုပ်သင့်တာတွေ လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
⛳️ ၁။ ငွေသား အဝင်ကျလာခြင်း
လုပ်ငန်းတစ်ခုဟာ ကားတစ်စီးဆိုရင် ငွေသားက ဒီကားဆက်သွားနိုင်အောင်လုပ်ပေးမယ့် ဓာတ်ဆီလို့ ပြောလို့ရပါတယ်။ ဒါမှမဟုတ် လုပ်ငန်းရဲ့ အသက်သွေးကြောလို့ ဆိုရင်လဲ ရတယ်။
ငွေသားအဝင်ကျနေတဲ့ လုပ်ငန်းဟာ အန္တရာယ်ကြီးတဲ့ စိုးရိမ်ရေမှတ်တစ်ခုထဲ ရောက်နေပြီလို့ ပြောလို့ရတယ်။
နေ့စဥ်အတွက် ဝင်ငွေ-ထွက်ငွေဟာ မမျှတော့ဘူး။ ပေးရန်ရှိတွေ၊ အသုံးစရိတ်တွေ ပေးဖို့ကို ရုန်းကန်နေရပြီဆိုရင် နည်းလမ်းတစ်ခုခု ရှာဖို့ လိုနေပြီလို့ မှတ်ယူပါ။
Cash-Flow Analysis သေချာလုပ်ဖို့လိုလာပြီ။ အရင်းခံအကြောင်းအရင်းကို ရှာဖို့လိုလာပြီ။ အကြွေးစနစ်တွေနဲ့ ရောင်းတာများနေလို့လား။ တောင်းရမှာတွေ မတောင်းဖြစ်ဘူးလား။ မလိုတာတွေ သုံးနေမိနေလား။ အဖြေရှာရတော့မယ်။ ကိုယ်ပေးရန်ရှိတဲ့လူတွေ၊ ဖောက်သည်တွေနဲ့က အစ ငွေပေး-ငွေယူ စနစ်ကို ပြန်ညှိဖို့လုပ်ပါ။
⛳️၂။ အကြွေးတွေများလာခြင်း
အကြွေးမရှိရင် လုပ်ငန်းရှင်မဟုတ်ဘူးလို့တောင် ပြောတတ်ကြတယ်။ လုပ်ငန်းလုပ်တဲ့အခါမှာ အကြွေးရှိတတ်တာ သဘောဝပါဘဲ။ အကြွေးဟာ တခါတလေမှာ လုပ်ငန်းကြီးထွားရေးအတွက် လိုအပ်တဲ့အရာတစ်ခုဆိုလဲ ဟုတ်တယ်။
ဒါပေမယ့် အကြွေးတက်လာတဲ့ နှုန်းဟာ များလာပြီဆိုရင်တော့ ဖြစ်နိုင်တာက လုပ်ငန်းဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမြတ်ရအောင် မလုပ်နိုင်နေတာမျိုးလဲ ဖြစ်နိုင်တယ်။
တကယ်လို့ လုပ်ငန်းလည်ပတ်ဖို့အတွက်ကိုတောင် အကြွေးတွေနဲ့ လည်ပတ်နေရပြီဆိုရင် D/E (Debt-To-Equity Ratio) က တက်လာနေပြီဆိုရင်တော့ သေချာတာကတော့ လုပ်ငန်းဟာ အန္တရာယ်ဇုန်ထဲကို ရောက်နေပြီလို့ နားလည်ရတော့မယ်။
မြန်မြန် လုပ်သင့်တာ မလုပ်ရင် Insolvency (အကြွေးဆပ်နိုင်စွမ်း မရှိတဲ့) အဆင့်ကို ရောက်သွားနိုင်ပါတယ်။
ဘာလုပ်သင့်လဲဆိုရင် အကြွေးစာရင်းကို သေချာ ဆန်းစစ်ပါ။ လုပ်ငန်းပိုင်ဆိုင်မှုတွေကို သေချာပြန်ကြည့်ပါ။ အတိုးနှုန်းများနေတာတွေကို တတ်နိုင်သမျှ မြန်မြန် ပြန်ဆပ်နိုင်အောင် လုပ်ပါ။ အကြွေးယူဖို့ဖြစ်လာရင်တောင် တကယ်လိုအပ်ရဲ့လားဆိုတာကို သေချာစဥ်းစားပါ။ လက်ရှိရှိနေတဲ့ အကြွေးတွေကို အတိုးနှုန်း ပြန်ညှိတာ၊ ပေးရမယ့် စည်းကမ်းချက်တွေကို ပြန်ဆွေးနွေးတာမျိုးတွေလုပ်ပါ။ တတ်နိုင်သမျှ လစဥ်ပေးရတာမျိုးတွေကို လျော့အောင် ကြိုးစားပါ။
(Financial Analysis အပါအဝင် Cost-Cutting & Profit Enhancment Strategies) တွေလေ့လာသင်ယူချင်တယ်ဆိုရင် “FSC” လို့ မက်ဆေ့ပို့ပြီး စုံစမ်းနိုင်ပါတယ်။
⛳️ ၃။ အကြမ်းအမြတ်၊ အသားတင်အမြတ် ကျဆင်းလာခြင်း
အမြတ်ရနိုင်စွမ်း (Profitability) က လုပ်ငန်းရဲ့ အခြေအနေကို ထင်ဟပ်တဲ့ တိုင်းတာရေးပေတံတစ်ခု ဖြစ်ပါတယ်။ အကြမ်းအမြတ်၊ အသားတင် အမြတ်ကျလာတာတွေများခြင်းက ဝင်ငွေတိုးတက်လာတာထက်ကို ကုန်ကျစရိတ်တွေတက်လာတာ ပိုမြန်နေတဲ့ သဘောမျိုး ဖြစ်ပါတယ်။
လုပ်ငန်းရဲ့ သဘောသဘာဝအရ၊ ဈေးကွက်ဗျူဟာအရ တခါတလေမှာ အမြတ်နည်းနည်း သို့မဟုတ် အရှုံးခံရောင်းတာမျိုးတွေလဲ ရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ ပုံမှန်အတိုင်းကိုမှ အမြတ်တွေကျလာနေပြီဆိုရင်တော့ စိုးရိမ်ရေမှတ်တစ်ခု ရှိနေပြီပေါ့။ အသုံးစရိတ်တွေတက်လာနေလား။ ဈေးနှုန်းနဲ့ ပြိုင်ရတာတွေ ဖြစ်နေလား။ ဒါမှမဟုတ် လုပ်ငန်းရဲ့ လည်ပတ်ပုံဟာ စွမ်းဆောင်ရည်မရှိဖြစ်နေတာလား။ စသည်ဖြင့် စဥ်းစားရမှာလဲ ဖြစ်ပါတယ်။
ကုန်ကျစရိတ်စာရင်းတွေကို သေချာသုံးသပ်ပါ။ ကိုယ့်ထုတ်ကုန်ရဲ့ အရည်အသွေးကို မထိခိုက်စေဘဲ လျော့သုံးလို့ရမယ့်နေရာတွေကို ဖော်ထုတ်ကြည့်ပါ။
ကိုယ့်လုပ်ငန်းရဲ့ ဈေးနှုန်းသတ်မှတ်ချက် ဗျူဟာတွေကို ပြန်သုံးသပ်ပါ။ လုပ်ငန်းလည်ပတ်ပုံကို အဆင်ပြေချောမွေ့နေစေဖို့အတွက် ပြင်ဆင်သင့်တာ၊ ပြောင်းသင့်တာတွေကို ရှာဖွေကြည့်ပါ။
⛳️ ၄။ လခပေးဖို့ကို အခက်တွေ့နေလား။
ဘဏ္ဌာရေးဆိုင်ရာ စိုးရိမ်ရေမှတ်တွေထဲမှာ ဝန်ထမ်းလခ ပေးဖို့ကို ရုန်းကန်နေရတာက အဓိက တစ်ချက်ဖြစ်မယ်။ လခ ပုံမှန်မပေးနိုင်ဘူးဆိုရင် ဝန်ထမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နိုင်တယ်။ အဲဒီကနေတစ်ဆင့် ထုတ်လုပ်နိုင်စွမ်းတွေ နိမ့်လာတာတွေ အပြင် တရားဥပဒေအရပါ ရင်ဆိုင်ရတာမျိုး ဖြစ်နိုင်ပါတယ်။
ဝန်ထမ်းခပေးဖို့ကို ငွေချေးနေရတာမျိုး၊ တခြားပေးစရာတွေကို ဆိုင်းထားရတာမျိုး၊ အရေးပေါ်ငွေတွေပါ ထိနေရပြီဆိုရင် ဘဏ္ဌာရေး ပြသနာ ရှိနေပြီပေါ့။
Cash Flow ကိုပြန်ထိန်းနိုင်မယ့် နည်းလမ်းတွေကို သေချာ စိစစ်ပြိး လုပ်ဖို့လိုမယ်။ ရေတိုအနေနဲ့ ဘဏ်တွေနဲ့ လခအတွက် သပ်သပ်ချေးငွေမျိုးယူဖို့ ညှိတာမျိုး၊ ရေရှည်အတွက်ဆို ကိုယ့်လုပ်သားအင်အားကို ပုံစံပြန်ချတာ၊ ညှိတာမျိုးတွေလုပ်သင့်ရင် လုပ်ရမှာလဲ ဖြစ်ပါတယ်။ မလိုအပ်ဘဲ ခန့်ထားတာတွေရှိနေလား။ တချို့နေရာတွေကို ပေါင်းပစ်တာမျိုးတွေ လုပ်လို့ ရနိုင်မလား စဥ်းစားနိုင်ပါတယ်။
⛳️ ၅။ ကုန်တွေများနေလား။
ကုန် (Inventory) က လုပ်ငန်းအတွက် ပိုင်ဆိုင်မှု (Asset) လို့ ပြောလို့ရတယ်။ ဒါပေမယ့် လိုတာထက်ကို ပိုများနေရင် ဒါက အလေအလွင့်ဖြစ်လာနိုင်တယ်။ ကုန်တွေများလာနေရင် ငွေမြုပ်နေတတ်တယ်။
(ငွေဈေးအတက်အကျ ကြမ်းလို့၊ လုပ်ငန်းသဘောအရ ကုန်လှောင်တာမျိုးကို မဆိုလိုပါ။)
ကိုယ့်ဆိုင်မှာ၊ ဂိုထောင်မှာ ကုန်တွေများနေတယ်ဆိုတာ မြန်မြန်နဲ့ ငွေမဖြစ်နေဘူး။ ငွေသေနေလား။ Sales Forecasting (အရောင်းခန့်မှန်းချက်တွေ) သေချာ မလုပ်နိုင်တာ၊ ဝယ်လိုအားကျလာနေတာ၊ မားကက်တင်းလုပ်တာ မထိရောက်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ပစ္စည်းတွေ ကိုင်ထားရတာ များနေပြီ။ လက်ကျန်ကုန်ထွက်ဖို့အတွက်ကို Discount တွေပေးနေရပြီဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Sales Strategy ကိုပြန်သုံးသပ်ဖို့လိုလာပြီလို့ ပြောရမှာ ဖြစ်ပါတယ်။
ကုန်ပစ္စည်း စီမံခန့်ခွဲမှုကို ပြန်သုံးသပ်ပါ။ Ordering Practice ကို ဘယ်လိုသွားနေလဲ။ လိုမှ မှာတဲ့ JIT Inventory System မျိုးကိုလဲ စဥ်းစားနိုင်သလို၊ Demand ငြိမ်တတ်တဲ့ ပစ္စည်းတွေဆိုရင် EOQ Method တွေလဲ စဥ်းစားနိုင်ပါတယ်။ ဈေးကွက်ကို ပြန်လေ့လာပါ။ မလိုတာတွေ ထုတ်နေမိလား။ မလိုတာတွေ မှာနေမိလား။ အရောင်းဗျူဟာတွေ ဘာတွေပြင်ရမလဲ စဥ်းစားပါ။
(အရောင်းဗျူဟာ သေချာ ချမှတ်ချင်တယ်ဆိုရင် Better Sales Mastery Series Online သင်တန်း တက်ရောက်ပါ။)
⛳️ ၆။ ရရန်ရှိစာရင်းတွေ တက်လာနေလား။
လုပ်ငန်းတိုင်းမှာ ပေးရန်ရှိရှိသလို၊ ရရန်ရှိလဲ ရှိနေမှာဘဲ။ ရောင်းချင်ဇောအားကြီးပြီး ပစ္စည်းတွေကို အကြွေးတွေနဲ့ ရောင်းထားမိတာမျိုးတွေ များနေလား။ ငွေပြန်မဝင်ဘဲ တန့်နေလား။
ရရန်ရှိတွေများနေတယ်။ ငွေပြန်ရတဲ့အချိန်ဟာ ကြာတတတ်တယ်ဆိုရင် ကိုယ်အကြွေးပေးထားတဲ့ လူတွေကိုယ်တိုင် လုပ်ငန်းမှာ ရုန်းကန်နေကြရတာမျိုး ဖြစ်နိုင်သလို၊ ကိုယ့်လုပ်ငန်းရဲ့ အကြွေးပေါ်လစီဟာ ဖြစ်သင့်တာထက်ကို ပိုကြာနေတာဖြစ်နိုင်တယ်။ ဝန်ထမ်းတွေ သေချာ အလုပ်လုပ်နေတာမျိုးလဲဖြစ်နိုင်တယ်။
အကြေးပေါ်လစီကို ပြန်သုံးသပ်ပါ။ ငွေစောစော ကြိုပေးတဲ့လူတွေအတွက် သီးသန့်သက်သာခွင့် (Discount) ပေးတာမျိုးတွေ စဥ်းစားနိုင်ပါတယ်။ ပေးရန်ရှိတွေကို ပုံမှန် လိုက်တာ၊ ဒါမှမဟုတ် အကြွေးတောင်းတဲ့ ဝန်ဆောင်မှုလုပ်တဲ့ လုပ်ငန်းတွေကို လွှဲပေးတာမျိုးတွေလဲ လုပ်နိုင်မယ်။ နောက်တစ်ခု အရေးကြီးတာကတော့ အကြွေးမပေးခင်ကတည်း ဖောက်သည်ကို တကယ်ပြန်ဆပ်နိုင်ချေ၊ ပေးနိုင်ချေ ရှိမရှိ သေချာ သုံးသပ်တာမျိုးကို အချိန်ပေးပြီး လုပ်တဲံ လုပ်ငန်းစဥ်ကို ထည့်သွင်းထားပါ။
⛳️ ၇။ လက်ကြီး ဝယ်သူတစ်ယောက် သို့မဟုတ် ဈေးကွက် တစ်ခုတည်းမှာ မှီတည်ထားနေခြင်း
ဒီဝယ်သူက လက်ကြီးသမားဆိုပြီးတော့ တစ်ယောက်တည်း၊ ဒါမှမဟုတ် ကိုယ်လက်ရှိနိုင်နေတဲ့ ဈေးကွက်တစ်ခုတည်းကို မှီတည်ထားတာဟာ အန္တရာယ်ရှိတယ်။ စိုးရိမ်ရေမှတ်တစ်ခုလဲ ဖြစ်ပါတယ်။
ကိုယ်မှီခိုမိနေတဲ့ ဝယ်သူ၊ ဈေးကွက်မှာ ပြသနာရှိလာခဲ့ရင် ကိုယ်လဲ ပြသနာရှိလာမှာဘဲ။ တချို့ အဲလိုမျိုး မှီတည်လိုက်မိလို့ ပြိုလဲသွားတဲ့လုပ်ငန်းတွေလဲ ရှိပါတယ်။
ကိုယ့်ဝင်ငွေစုစုပေါင်းရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ ဝယ်သူတစ်ယောက်၊ တစ်စုတစ်ဖွဲ့တည်းဆီကနေလာတယ်၊ ဒါမှမဟုတ် အကျဘက် ရောက်နေတဲ့ ဈေးကွက်မှာ သွားရင်းနှီးမြုပ်နှံမိသလို ဖြစ်နေတယ်ဆိုရင် အပြင်မှာ နည်းနည်းထိတာနဲ့ သင့်လုပ်ငန်းပါ လိုက်ထိမယ့် သဘောမျိုးဖြစ်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဈေးကွက်ကိုသေချာရွေးပါ။ ထပ်တိုးချဲ့ဖို့ စဥ်းစားကြည့်ပါ။ တစ်ယောက်တည်း၊ တစ်စုတစ်ဖွဲ့တည်းကို မှီတည်တာမျိုး မဖြစ်ပါစေနဲ့။ တကယ်လို့များ လက်ရှိ ဦးစားပေး ဈေးကွက်သာ ပျက်သွားခဲ့ရင် ငါတို့ ဘာလုပ်မလဲဆိုတာတွေကို ချရေးပြီး ပြင်ဆင်ကြည့်ပါ။
(ဈေးကွက်ဗျူဟာ ကောင်းကောင်း ချမှတ်ချင်တယ်ဆိုရင် Practical Marketing Strategies Online Class မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။)
—
ငွေကြေး ပြသနာတွေဟာ။ သူ့ဘာသာသူ ပြေလည်သွားတယ်ဆိုတာမျိုး ဖြစ်လေ့မရှိပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ ဘဏ္ဌာရေးဆိုင်ရာ စိုးရိမ်ရေမှတ်တွေကို သေချာ သတိထားတတ်ဖို့လိုပါတယ်။
သတင်းကောင်းအနေနဲ့ သတိထားလိုက်တယ်ဆိုရင်ကိုဘဲ ကိုယ့်အတွက် အတိုင်းအတာတစ်ခုထိ ကြိုတင်ကာကွယ်ဖို့ စပြိး ပြင်ဆင်နိုင်ပြီ ဖြစ်ပါတယ်။
- Cash Flow Management
- Rethink Your Debt Strategy
- Diversify Your Customer Base
—
✅ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် Cost-Cutting (ကုန်ကျစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ)
✅ Profit Enhancement Strategies (အမြတ်တိုးအောင်လုပ်ဆောင်နိုင်မယ့် နည်လမ်း) တွေကို
✅ ဘဏ္ဌာရေးအချိုးတွေကို သေချာတွက်ချက်တတ်ဖို့၊ နားလည်ဖို့၊
✅ AI ကို ကိုယ့်အတွက် Financial Analyst အနေနဲ့ အကောင်းဆုံး အသုံးချချင်တယ်ဆိုရင်
Financial Stability : Cost-Cutting & Profit Enhancement Strategies သင်တန်းကို တက်ပြီး အသေးစိတ်လေ့လာပါ။
09880902558 ကိုလဲ ဆက်သွယ်ပြီး စုံစမ်း၊ သင်တန်းအပ်နိုင်ပါတယ်။
Related Post
Related Course
Min Than Htut
MMK 95,000
Min Than Htut
MMK 83,000
Shun Wutyi
Free
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000
Min Than Htut
MMK 83,000
Min Than Htut
MMK 500,000
Min Than Htut
MMK 83,000
Min Than Htut
Free