Learn with a Free Trial
ညှိနှိုင်းရေးမှာ ဖြစ်လေ့ရှိတဲ့ ပြသနာ ၅ ခု နဲ့ ဘယ်လို ကျော်လွှားသင့်လဲ။
Min Than Htut

ညှိနှိုင်းစရာရှိတိုင်း အနိုင်ရချင်လား...

 

ညှိနှိုင်းရေးဆိုတာ အနုပညာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ သိမ်မွေ့တယ်။

 

ညှိနှိုင်းရေးမှာ ကျွမ်းကျွမ်းကျင်ကျင် ဖြစ်လာအောင် လေ့ကျင့်ထားမယ်ဆိုရင် လုပ်ငန်းခွင်မှာ ကိုယ့်အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။

 

မယုံမရှိပါနဲ့.. လုပ်ငန်းခွင်မှာ “Everyday we are makeing deals.” ပါ။

 

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့  ညှိနှိုင်းရေးဆိုရင် တိုက်ပွဲတစ်ခုလိုဖြစ်နေတတ်တယ်။

 

စိတ်ရှုပ်စရာတွေ၊ ဖိအားတွေ၊

ဟိုဘက် ဒီဘက် လွန်ဆွဲအားတွေ နဲ့ ပြည့်နှက်နေတတ်ပါတယ်။

 

စာဖတ်သူက လုပ်ငန်းခွင်မှာ ညှိနှိုင်းရေးတစ်ခု လုပ်နေရတယ်ဆိုပါတော့။ ကိုယ့်အတွက်လဲ တကယ်အရေးပါတဲ့ ကိစ္စမျိိုးဖြစ်နေမယ်။

 

ကိုယ့်နှလုံးခုန်သံတွေ ကိုယ်ပြန်ကြားနေရတာမျိုးဖြစ်နိုင်တယ်။ တဖက်လူကို လေ့လာသုံးသပ်ရင်း နဲ့ ခန့်မှန်းနေရမယ်။ ကိုယ်လိုချင်တဲ့ ရလဒ်မျိုးမထွက်နိုင်ဘဲ​ဖြစ်နေတာမျိုး ကြုံနေနိုင်တယ်။

 

ဒါမှမဟုတ် တစ်ဖက်က ဖိအားပေးနေတာမျိုးလဲ ရင်ဆိုင်နိုင်ရနိုင်တယ်။

 

ဒီလိုအနေအထားမျိုးတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့အတွက် Negotiations in Business Setting သင်တန်းရှိပါတယ်။ 

သင်တန်းအကြောင်းမပြောခင်မှာ ညှိနှိုင်းရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လေ့ရှိတဲ့ ပြသနာငါးမျိုးနဲ့ ဘယ်လို ကျော်လွှားနိုင်မလဲဆိုတာကို အရင်လေ့လာကြည့်ပါ။​

၁) ပြင်ဆင်မှု အားနည်းခြင်း

 

ညှိနှိုင်းရေးကို အဆင့် ၄ ဆင့်အနေနဲ့ သတ်မှတ်မယ်ဆိုရင် ပထမဦးဆုံး အဆင့်က ပြင်ဆင်တဲ့ အဆင့်ဖြစ်ပါတယ်။

 

ပြင်ဆင်မှု မလုပ်ဘဲ ညှိနှိုင်းရေးလုပ်ခြင်းက ဒိုင်းမပါဘဲ တိုက်ပွဲထဲ သွားသလို ဖြစ်နေနိုင်တယ်။ ကိုယ်က ခံဘက်က ဖြစ်သွားနိုင်တယ်။​

 

ညှိနှိုင်းရေးလုပ်မယ်ဆိုရင် “ကဲ..စပြောကြမယ်လေ” နဲ့ စပြီး ဘာပြင်ဆင်မှုမှ မလုပ်ထားတဲ့အခါမှာ တဘက်က ပြောဆိုတာတွေကို ပြန်တုန့်ပြန်ဖို့အတွက် အဆင်သင့်မဖြစ်နေတာ၊ ကိုယ်လိုချင်တဲ့ ရလဒ်ကို ရောက်အောင် သွားဖို့ လမ်းစပျောက်တာမျိုးတွေပါ ဖြစ်တတ်ပါတယ်။

 

ညှိနှိုင်းရေးအတွက် အသေးစိတ်ပြင်ဆင်ခြင်းတွေကို “Negotiation In Business Setting” အတန်းမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။ 

၂) စိတ်ခံစားမှုကို မထိန်းသိမ်းနိုင်ခြင်း

 

ဒီအချက်ဟာ ပြင်ဆင်မှု မလုပ်တာနဲ့လဲ အချိတ်အဆက်ရှိပါတယ်။​ ပြင်ဆင်မှု သေချာ မလုပ်ထားတဲ့အခါကျတော့ တဖက်က စကားစစ်ထိုးတာမျိုး၊ မမျှော်လင့်ထားတဲ့ အသုံးအနှုန်း၊ အပြောအဆိုတွေ လုပ်ပြလာတဲ့အခါမှ စိတ်ခံစားချက်ကို မထိန်းသိမ်းနိုင်ဘဲ ရလဒ်ကို ဦးစားပေးရမယ့် အစား၊ ပြသနာတွေဘက်ကို ဦးတည်သွားတတ်ကြပါတယ်။

 

ရလဒ်လဲ မထွက်၊ မျက်နှာလဲ​ ပျက်ဆိုပါတော့။ 

 

ညှိနှိုင်းရေးမှာသုံးလေ့ရှိတဲ့ ပရိယာယ်တွေ အများကြီးရှိတယ်။ အသုံးအများဆုံး ပရိယာယ် ၂၀ ကျော်အပြင် ဘယ်အချိန်မှာ ဘယ်လို သုံးရမလဲ။ ကိုယ့်ကို ပရိယာယ်တွေ သုံးလာရင်ကော ဘယ်လို တုန့်ပြန်ရမလဲဆိုတာတွေကို “Negotiation in Business Setting” အတန်းမှာ လေ့လာပါ။

 

၃)​​နားလည်မှုလွဲတာ၊​ တင်ဆက်ပုံလွဲတာ

 

ညှိနှိုင်းရေးရဲ့ အဆင့် ၄ ဆင့်မှာ ပထမအဆင့်ပြီးသွားရင် နောက်သုံးဆင့်လုံးမှာ အရေးကြီးဆုံးက ပြောဆိုဆက်ဆံရေးပုံစံတွေ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာတွေကို ရှင်းလင်းအောင် လုပ်ဖို့လိုသလို တဖက်ရဲ့ အခြေအနေအတွေကို သေချာနားလည်နေဖို့လိုတာဖြစ်တယ်။

 

တခါတလေမှာ တဖက်က လိုရင်းကို တိုက်ရိုက်မပြောတာ၊ ချန်လှပ်ထားတာမျိုးတွေလဲ ရှိနိုင်တယ်။ ညှိနှိုင်းရေးမှာ တဖက်က နောက်ကွယ်က အကြောင်းတရားတွေကို ပေါ်အောင် လုပ်နိုင်ခြင်းကလဲ​ အရေးပါပါတယ်။ အချက်အလက်များများ ရအောင်လုပ်ဖို့လိုသလို၊ ကိုယ့်ကို ယုံကြည်ရတဲ့ လူတစ်ယောက်အနေနဲ့ မြင်သွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေရှိပါတယ်။ 

၄) ပါဝါ မမျှခြင်း

 

ညှိနှိုင်းရေးကို ပါဝါကစားပွဲလို့လဲ တင်စားတတ်ကြပါတယ်။ ဘယ်သူမှာ ဘယ်လို ပါဝါတွေရှိနေကြသလဲဆိုတာဟာ ဘယ်လိုရလဒ်မျိုးတွေထွက်လာမလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။

 

ပါဝါအမျိုးအစားတွေက နားလည်ဖို့လိုတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုပါဝါအမျိုးအစားကို ဦးစားပေး သုံးရမလဲဆိုတာလဲ သဘောပေါက်ထားဖို့လိုပါမယ်။

 

စိတ်ဝင်စားဖို့ကောင်းတာက ပါဝါရဲ့ သဘောဟာ တကယ်ကြီးရှိနေတာမျိုးလဲ ဟုတ်ချင်မှဟုတ်တာမျိုး။ စိတ်ခံစားချက်နဲ့ ခံယူပုံပေါ်မှာလဲ မူနေပြန်တယ်။ စိတ်ရဲ့ သဘောသဘာဝတွေကိုလဲ သေချာနားလည်ဖို့ လိုလာပြန်တယ်။

 

၅)လှုပ်မရတော့တဲ့ အခြေအနေ (Stalemate)

 

ဘယ်ဘက်ကမှ မလှုပ်တော့တဲ့အခြေအနေမျိုး ဖြစ်လာတတ်တယ်။ ညှိဖို့ကို နှစ်ဘက်စလုံးကဘဲ ဖြစ်ဖြစ်၊ တစ်ဖက်ဖက်က ဖြစ်ဖြစ် ရပ်ထားသလို ဖြစ်နေတဲ့အခြေအနေမျိုးတွေရှိတယ်။

 

အဆက်အသွယ်တွေ ဖြတ်ချပစ်လိုက်တာမျိုး၊ စကားပြောနေရင်းနဲ့ကို ညှိနေတဲ့ အကြောင်းအရာအတွက် ရှေ့ဆက်မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 

ဒီလိုအခြေအနေမျိုးဆိုရင် ရှေ့ဆက် ညှိနှိုင်းနိုင်ဖို့အတွက် ဘာတွေလုပ်နိုင်မလဲ။ 

Negotiation In Business Setting (NBS) သင်တန်းမှာ ပါဝါ အကြောင်း၊ ပရိယာယ်တွေအကြောင်း၊ Deadlock ဖြစ်နေတဲ့အနေအထားမျိုးတွေမှာ ဘယ်လိုနည်းလမ်းအပြင်

 

လုပ်ငန်းခွင်မှာ ကြုံတွေ့ရမယ့်

 

  • Contract Negotiation
  • Pricing Negotiation
  • Partnership Or Join Venture Agreements
  • Salary and Compensation Negotiations
  • Merger and Acquisitions
  • Conflict Resolutions
  • Lease and Property Negotiation
  • Sales Negotiation
  • Supplier and Vendor Negotiation
  • Stakeholder Negotiation

 

တွေကို အခြေခံပြီး ညှိနှိုင်းရေးသမားကောင်း တစ်ယောက်ဖြစ်လာအောင် လေ့ကျင့်သင်ကြား သွားမှာ ဖြစ်ပါတယ်။​
 

သင်တန်းအသေးစိတ်အတွက် 09880902558 ကိုဆက်သွယ်ပြီး အပ်နှံလိုက်ပါ။

3 Likes

Related Post

Related Course

Better Sales Mastery Series - အရောင်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး ရောင်းအားတက်စေဖို့
Better Sales Mastery Series - အရောင်းပိုင်းကို ကျွမ်းကျင်ပိုင်နိုင်ပြီး ရောင်းအားတက်စေဖို့
Min Than Htut
MMK 95,000
yellow-star4.6(697)
Marketing Planning - အချိန်တိုအတွင်းမှာ မားကက်တင်း စီမံချက် ရေးဆွဲနိုင်ဖို့
Marketing Planning - အချိန်တိုအတွင်းမှာ မားကက်တင်း စီမံချက် ရေးဆွဲနိုင်ဖို့
Min Than Htut
MMK 83,000
yellow-star4.7(695)
Magic Words for Sales _ အရောင်းပိုင်းအတွက် အထိရောက်ဆုံး စကာလုံး အသုံးအနှုန်းများ
Magic Words for Sales _ အရောင်းပိုင်းအတွက် အထိရောက်ဆုံး စကာလုံး အသုံးအနှုန်းများ
Shun Wutyi
Free
yellow-star4.5(1408)
Better Sales Strategist (မဟာဗျူဟာမြောက် အရောင်းပိုင်း စီမံခန့်ခွဲနိုင်ဖို့)
Better Sales Strategist (မဟာဗျူဟာမြောက် အရောင်းပိုင်း စီမံခန့်ခွဲနိုင်ဖို့)
Min Than Htut
MMK 83,000
yellow-star3.4(714)
Better Sales Leader (အရောင်းအဖွဲ့ကို အကောင်းဆုံးဦးဆောင်နိုင်ဖို့)
Better Sales Leader (အရောင်းအဖွဲ့ကို အကောင်းဆုံးဦးဆောင်နိုင်ဖို့)
Min Than Htut
MMK 83,000
yellow-star4.1(715)
မငြိနဲ့ ... ညှိ
မငြိနဲ့ ... ညှိ
Min Than Htut
Free
yellow-star4.2(1354)
Designing Your Life -  ဘဝရဲ့ ဒီဇိုင်း
Designing Your Life - ဘဝရဲ့ ဒီဇိုင်း
Aung Min Nyein
MMK 70,000
yellow-star4.7(684)
Marketing Consulting Service
Marketing Consulting Service
Min Than Htut
MMK 500,000
yellow-star0.0(680)
10 Days Brand Mastery (Branding Secrets)
10 Days Brand Mastery (Branding Secrets)
Min Than Htut
MMK 83,000
yellow-star5.0(700)
Marketing Psychology: (စိတ်ပညာကို မားကက်တင်း နဲ့ အရောင်းပိုင်းမှာ လက်တွေ့အသုံးချခြင်း)
Marketing Psychology: (စိတ်ပညာကို မားကက်တင်း နဲ့ အရောင်းပိုင်းမှာ လက်တွေ့အသုံးချခြင်း)
Min Than Htut
MMK 83,000
yellow-star4.1(718)
logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2026 Better Version. All rights reserved.
facebookyoutube