စီးပွားရေး အပြောင်းအလဲများတဲ့ ကာလမှာ SMEs တွေအတွက် သေချာပေါက် ရုန်းကန်ရလေ့ရှိတတ်ပါတယ်။
ဈေးကွက်မငြိမ်တာ၊ ငွေဈေးအပြောင်းအလဲ၊ ဝယ်လိုအား အပြောင်းအလဲ နဲ့ ငွေလည်ပတ်မှု ပြသနာမျိုးတွေက ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် စိန်ခေါ်မှုတွေဖြစ်တတ်ပါတယ်။
အခက်အခဲဆိုတာမျိုးက ခုမှ ဖြစ်လာတာမျိုးတော့လဲမဟုတ်ပြန်ဘူး။ သမိုင်းကို ကြည့်မယ်ဆိုရင်လဲ လုပ်ငန်းတိုင်းဟာ စီးပွားရေးအတက်အကျတွေကို သေချာ ကြိုးစားကျော်ဖြတ်ခဲ့ပြီးမှသာ အောင်မြင်မှုတွေ တည်ဆောက်နိုင်ကြတာလဲ ဖြစ်ပါတယ်။
စီးပွားရေး မတည်ငြိမ်တဲ့ အနေအထားမျိုးမှာ ပြင်ပ ရိုက်ခတ်မှုတွေကိုလဲ လေ့လာသုံးသပ်နေသင့်သလို ကိုယ်တိုင် လုပ်နိုင်တဲ့ အပိုင်းတွေကိုလဲ အာရုံစိုက်ဖို့လိုပါတယ်။
🏆 ငွေရလမ်းကြောင်းတွေကို ပြန်စဥ်းစားပြီးတော့ ဝင်ငွေလမ်းကြောင်း အသစ်တွေ ဖြစ်နိုင်မလား ပြန်ကြည့်ပါ။
ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှုအသစ်တွေလုပ်နိုင်မလား စဥ်းစားကြည့်ပါ။ အပြောင်းအလဲများတတ်တဲ့ ကာလတွေမှာဆိုရင် ဝင်ငွေလမ်းကြောင်းတစ်ခုတည်းမှာ ရပ်တည်တာမျိုးဟာ အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။
တခြားဝင်ငွေလမ်းကြောင်းတွေ စဥ်းစားထားတာမျိုးက အခွင့်အလမ်းအသစ်တွေရှိလာရင်လဲ ကိုယ့်အတွက်ကောင်းတယ်။ အန္တရာယ်လဲ နည်းပါမယ်။
ဈေးကွက် အသစ်ရှာတာ၊ ထုတ်ကုန်၊ဝန်ဆောင်မှု အသစ်တွေဖန်တီးကြည့်တာ၊ ရောင်းချတဲ့ စနစ်ကို ပြောင်းတာမျိုးတွေလဲ စဥ်းစားနိုင်ပါတယ်။
စားသောက်ဆိုင်ဆိုပါတော့။ အစားအသောက်ရောင်းနေတာတစ်ခုတည်း မဟုတ်ဘဲနဲ့၊ စားဖိုမှူးက သင်ပေးတဲ့ အချက်အပြုတ်သင်တန်းမျိုး စဥ်းစားတာမျိုး။ စားသောက်ဆိုင်မှာ လာစားတဲ့လူတွေ ဝယ်သွားလို့ရမယ့် အခြောက်အခြမ်း တာရှည်ခံ ထုတ်ကုန်မျိုးတွေ ထပ်တွဲရောင်းတာမျိုး စဥ်းစားနိုင်ပါမယ်။
(သတိပြုရန်။ ။ ကိုယ်တကယ်လဲ ကျွမ်းကျင်ပြီး၊ လုပ်နိုင်စွမ်းလဲရှိ၊ ဈေးကွက်လဲ ဖြစ်နိုင်ချေရှိတာမျိုးကို ဦးစားပေး စဥ်းစား ရွေးချယ်တတ်ဖို့တော့လိုမယ်။)
🏆 ဝယ်သူတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်မယ့် နည်းလမ်းတွေရှာပါ။
ကိုယ့်ဆီမှာ အမြဲဝယ်ဖြစ်နေတဲ့ ဝယ်သူများခြင်းက အခက်အခဲကာလမှာဆိုရင် လုပ်ငန်းအတွက် တန်ဖိုးကြီးတဲ့ ပိုင်ဆိုင်မှု အမျိုးအစားဖြစ်တယ်လို့ ပြောလို့ရတယ်။ လက်ရှိဖောက်သည်တွေကို ဆက်ပြီးထိန်းထားနိုင်ရင် ကိုယ့်ဝင်ငွေလဲ ငြိမ်နိုင်တယ်။ တခါ ဝယ်သူအသစ်ကို ရှာရတဲ့ စရိတ်ထက်လဲ အများကြီး ပိုသက်သာမယ်။
ဝန်ဆောင်မှုကို သေချာသတိထားပါ။ လက်ရှိဖောက်သည်တွေ တခြားဆီ ရောက်သွားနိုင်စေတဲ့ ပြသနာတွေထဲမှာ Customer Service မကောင်းတော့တာဟာ အကြောင်းအရင်းတစ်ခုဖြစ်တယ်။
နောက်ပြီး ကိုယ့်ဆီမှာ ဝယ်ယူလေ့ရှိတဲ့လူတွေအတွက် သီးသန့် ဖန်တီးပေးတာမျိုး၊ Loyalty Program လုပ်တာမျိုးတွေလဲ စဥ်းစားနိုင်ပါတယ်။
ကိုယ့်ဝယ်သူတွေနဲ့ စဥ်ဆက်မပြတ် အဆက်အသွယ်ရှိနေဖို့အတွက် သေချာ စဥ်းစားလုပ်ဆောင်ပါ။ Facebook မှာ အရင်က ရှိနေနိုင်ပေမယ့် အခု Telegram ရောက်သွားတာ၊ Viber ရောက်သွားတာ၊ TikTok ရောက်သွားစသည်ဖြင့် ပြောင်းသွားတာမျိုးတွေကို အမှီလိုက်နိုင်အောင် ပြင်ဆင်ပါ။
B2B ဈေးကွက်ကိုင်နေတဲ့လူတွေဆိုရင် ကိုယ့်ဖောက်သည်တွေနဲ့ သေချာ ဆွေးနွေးတိုင်ပင်ပြီးတော့ တူတူ နည်းလမ်းရှာတာမျိုးထိ စဥ်းစားနိုင်ပါတယ်။
🏆 ငွေလည်ပတ်ရေးကို အလေးထား စောင့်ကြည့် လုပ်ဆောင်ပါ။
“Cash is King” ဆိုတာ မမေ့ပါနဲ့။ လုပ်ဆောင်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ဘဲ ရှိနေနေ၊ လက်တလောလိုအပ်တဲ့ ပေးရန်ရှိတွေကို ပေးချေနိုင်စွမ်းရှိနေမှဘဲ ကိုယ့်လုပ်ငန်းက ဆက်လည်ပတ်နိုင်မှာလဲ ဖြစ်တယ်။
ဘဏ္ဌာရေးနဲ့ ပတ်သက်တဲ့ စာရင်းတွေထဲက ငွေလည်ပတ်နေတဲ့ အနေအထားကို သေချာသိနိုင်မယ့် Cash Flow Statement ကိုသေချာ အချိန်ပေးပြီးတော့ လေ့လာနေဖို့လိုပါတယ်။
မလိုတာတွေထွက်နေလား။ ပေးရန်ရှိတဲ့ လုပ်ငန်းတွေနဲ့ ညှိနှိုင်းသင့်တာမျိုးတွေ လုပ်သင့်နေပြီလား။ ပေးရန်ရှိတွေကို ကြိုပေးထားတာမျိုးတွေလုပ်ပြီးတော့ သက်သာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေဖြစ်နိုင်လား။ မမျှော်မှန်းနိုင်တဲ့ အခြေအနေမျိုးဖြစ်လာရင် ခြေစောင့်လက်စောင့်ရှိနေဖို့လို ပြင်ဆင်ထားနိုင်ဖို့ လိုပါမယ်။
(Fianncial Ratio တွေအပါအဝင် Cost-Custting & Profit Enhancement Strategies တွေလေ့လာပြီး အသုံးချချင်တယ်ဆိုရင် “FSC” လို့ မက်ဆေ့ပို့ပြီး စုံစမ်းပါ။)
🏆 ဈေးကွက်အပြောင်းအလဲအတိုင်း လိုက်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်ပါ။
ပြောင်းလွယ်ပြင်လွယ်ဖို့၊ မြန်ဆန်မှုရဖို့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြင်ဆင်ထားဖို့လိုပါတယ်။ လုပ်ငန်းတိုင်းဟာ ပြင်ပ ရိုတ်ခတ်တွေကြားမှာ လိုက်ပြောင်းနိုင်မှဘဲ ရှင်သန်ကျန်ရစ်နိုင်မှာဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ အလိုက်သင့် လိုက်ပြောင်းနိုင်တဲ့ စွမ်းရည်က ပြိုင်ဆိုင်မှု အားသာချက် တစ်ခုအနေနဲ့တောင် ဖြစ်လာနိုင်ပါတယ်။
ဈေးကွက် အနေအထားကို စဥ်ဆက်မပြတ် စောင့်ကြည့်ဖို့ အချိန်ပေးပါ။ အထူးသဖြင့် လုပ်ငန်းကို ဦးဆောင်နေတဲ့လူတွေဟာ ဈေးကွက်ကို မျက်ခြေမပြတ်သွားအောင် လုပ်ဖို့လိုပါမယ်။ ပြီးရင် ကိုယ့်လုပ်ပုံကိုင်ပုံတွေ၊ ဈေးကွက်ဗျူဟာတွေကို အလိုက်သင့် လိုက်ပြောင်းနိုင်ဖို့ဖြစ်ပါတယ်။
🏆 နည်းပညာမှာ တတ်နိုင်သမျှ ရင်းနှီးမြုပ်နှံပါ။
ကျွန်တော် SMEs လုပ်ငန်းတစ်ချို့ကို တစ်လကို တစ်သောင်းလောက်ဘဲ ကုန်ကျမယ့် Accounting Software တွေ သုံးဖို့ အကြံပေးဖူးတယ်။ လိုက်လုပ်တဲ့ % ဟာတော်တော်နည်းတယ်။ တကယ်လိုက်လုပ်ခဲ့တဲ့ လုပ်ငန်းတွေက အရင်ကထက်ကို ငွေကြေးနဲ့ ပတ်သက်တာတွေကို မှန်အောင် ဆုံးဖြတ်လာနိုင်တာတွေ့ရပါတယ်။
နည်းပညာမှာ ရင်းနှီိးမြုပ်နှံပါလို့ ပြောလိုက်ရင် နောက်ဆုံးပေါ် နည်းပညာတွေ ခေါင်းထဲ ရောက်လာတတ်ကြတယ်။ AI လိုမျိုးကို ခေါင်းထဲ ပေါ်ကြတယ်ပြောပါတယ်။
နည်းပညာဆိုတာ လူတွေကို လွယ်ကူသွားစေတာ၊ အရင်းအမြစ် ထုတ်သုံးရတာ နည်းသွားအောင် လုပ်ပေးနိုင်တဲ့ ဘယ်အရာကိုမဆို ဆိုလိုတယ်။ ကိုယ့်အလုပ်ကို ပိုမှန်လာအောင်၊ မြန်လာအောင်၊ ချောမွေ့လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတွေရှာပြီး သင့်တော်တာတွေကို သုံးဖို့လိုပါတယ်။
ဝန်ထမ်း အယောက် ၂၀ လောက်ရှိတဲ့ လုပ်ငန်းတစ်ခုအတွက် တစ်လကို ၄၀၀၀၀ လောက်သုံးပြီးတော့ အလုပ်တက်/ဆင်းစာရင်း၊ လစာပေးတာအစ အဆင်ပြေစေမယ့် Software တွေရှိတယ်။ သိအောင်လုပ်ဖို့လိုသလို နည်းပညာကို သုံးဖို့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရင်းနှီးမြုပ်နှံမှုလေးတွေ လုပ်ဖို့လဲ လိုပါတယ်။
🏆 ကိုယ်တကယ် အကောင်းဆုံးလုပ်နိုင်တဲ့ နေရာတွေကို ဦးစားပေးပါ။
ဒီတစ်ခုက အပေါ်ဆုံးတစ်ခုနဲ့ နည်းနည်း ဆန့်ကျင်ဘက်ဖြစ်နေသယောင်ရှိပါတယ်။ တကယ်တော့ လုပ်ငန်းတိုင်းရဲ့ Core Competencies က ဘာလဲဆိုတာ လုပ်ငန်းကို ဦးဆောင်နေတဲ့လူတွေကိုယ်တိုင် နားလည်ဖို့လိုတယ်။
ကိုယ့်ကျွမ်းကျင်မှုကို ပိုတိုးလာအောင် လုပ်နိုင်ဖို့လဲ အားစိုက်ထုတ်သင့်တယ်။ ကိုယ့်လုပ်ငန်းတစ်ခုလုံးကို သေချာ ပြန်သုံးသပ်ဖို့အတွက် အချိန်ယူပါ။
စားသောက်ဆိုင်ဆိုပါတော့ ကိုယ့်ဟင်းချက်လက်ရာဟာ တကယ်အရေးပါတဲ့ ကျွမ်းကျင်မှုဖြစ်တယ်။ ဟင်းချက်ပြီး အိမ်တိုင်ရာရောက်ပို့ပေးတာကို အခွင့်အလမ်းတစ်ခုလို့မြင်လို့ ထပ်တိုးတာမျိုးစဥ်းစားနိုင်တယ်။
ဒါပေမဲ့ ဒီအလုပ်ကို ထပ်တိုးလိုက်လို့ တကယ်အရေးပါတဲ့ ဟင်းချက်တဲ့ အလုပ်မှာ အားနည်းသွားမယ်ဆိုရင် အိမ်တိုင်ရာရောက်ပို့ပေးတဲ့ အလုပ်ကို တခြားလုပ်ငန်းကို လုပ်ခိုင်းတာမျိုးက ပိုအဆင်ပြေမယ်။
ကိုယ့်လုပ်ငန်းရဲ့ Core Competencies က ဘာလဲ။ ဒီနေရာတွေကို အားပိုထည့်ဖို့ အာရုံစိုက်ဖို့ ကြိုးပမ်းပါ။
🏆 ရေရှည်ကို ထည့်သွင်းစဥ်းစားပါ။
အပြောင်းအလဲကာလတွေမှာ ပြသနာတွေ တွေ့ကြုံနေရမယ်။ ဒီလို ရေတို ပြသနာတွေကိုဘဲရှင်းဖို့ ကြိုးစားဖို့လိုသလို ရေရှည်မှာ ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတာကိုပါ ထည့်သွင်း စဥ်းစားဖို့တော့လိုပါမယ်။
ရေတိုပြသနာတွေ ကိုင်တွယ်နေရပေမယ့်လဲ ရေရှည်မှာ ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်တွေက ဘာဖြစ်မလဲဆိုတာကို သေချာ ရေးသား မှတ်တမ်းတင်ထားပါ။
Scenario Planning လို့ခေါ်တဲ့ အကောင်းဆုံးဖြစ်နိုင်ချေ၊ အဆိုးဆုံးဖြစ်နိုင်ချေ စတာတွေကို ခန့်မှန်းကြည့်ပြီး ဘယ်လိုအခြေအနေမျိုးဆို ဘာတွေဖြစ်နိုင်တယ်။ ဘာတွေလုပ်မယ်ဆိုတာမျိုးတွေ ကြိုတင်တွေးထားပါ။
အခက်အခဲကာလ၊ အပြောင်းအလဲများတဲ့ ကာလတွေမှာ သေချာ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် SME လုပ်ငန်းတွေအနေနဲ့ ပြင်ဆင်တတ်ဖို့လိုသလို၊ အပြောင်းအလဲအတိုင်း အလိုက်သင့်ဖြစ်နေအောင် လုပ်ရမယ်။
ဝင်ငွေလမ်းကြောင်း အသစ်တွေ ရှာကြည့်ပါ။ လက်ရှိဝယ်သူတွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ပါ။ ငွေလည်ပတ်ရေးကို မျက်ခြေမပြတ်စေဖို့လိုသလို နည်းပညာကို ဘယ်လိုသုံးမလဲဆိုတာတွေ လေ့လာပါ။
ကိုယ့်ရဲ့ Core Competencies တွေမြှင့်တင်ရင်း ရေရှည်အတွက်လဲ ထည့်သွင်းစဥ်စားမယ်ဆိုရင် အကောင်ဆုံး ကျော်ဖြတ်ရင်း အောင်မြင်မှုတွေ ရယူနိုင်မှာပါ။
——
✅ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် Cost-Cutting (ကုန်ကျစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ)
✅ Profit Enhancement Strategies (အမြတ်တိုးအောင်လုပ်ဆောင်နိုင်မယ့် နည်လမ်း) တွေကို
✅ ဘဏ္ဌာရေးအချိုးတွေကို သေချာတွက်ချက်တတ်ဖို့၊ နားလည်ဖို့၊
✅ AI ကို ကိုယ့်အတွက် Financial Analyst အနေနဲ့ အကောင်းဆုံး အသုံးချချင်တယ်ဆိုရင်
Financial Stability : Cost-Cutting & Profit Enhancement Strategies သင်တန်းကို Sept လာထဲမှာ ပြုလုပ်သွားမှာဖြစ်ပြီး အသေးစိတ်ကို “FSC” လို့ မက်ဆေ့ပို့ပြီး စုံစမ်းပါ။
09880902558 ကိုလဲ ဆက်သွယ်ပြီး စုံစမ်း၊ သင်တန်းအပ်နိုင်ပါတယ်။
Related Post
Related Course
Min Than Htut
MMK 500,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000
Min Than Htut
MMK 95,000
Min Than Htut
Free
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Shun Wutyi
Free