စိန်ခေါ်မှု၊ အပြောင်းအလဲများတဲ့ စီးပွားရေး အခြေအနေမှာ ကုန်ကျစရိတ်တွေလျော့ချပြီး ထုတ်ကုန်ရဲ့ အရည်အသွေးကို ဆက်ထိန်းနိုင်ဖို့ဆိုတာ SME Owners တွေအတွက် အခက်တွေ့တတ်ပါတယ်။
ဗျူဟာကျကျ စဥ်းစားတတ်ဖို့ နဲ့ စနစ်တကျ စီမံတတ်ဖို့လိုလာပါတယ်။
စရိတ်လျော့ပေမယ့် အရည်အသွေးကို မထိခိုက်အောင်လုပ်တာက လုပ်ငန်းရေရှည်အောင်မြင်ရေးအတွက်လဲ လိုကိုလိုအပ်ပါတယ်။
မန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေ စဥ်းစားလို့ရမယ့်၊ လုပ်နိုင်မယ့် နည်းလမ်း ၇ ခုကို ပြောပြချင်ပါတယ်။
⚠️ ၁။ ကိုယ့်လုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေကို သေချာနားလည်အောင် အရင်လုပ်ပါ။
စရိတ်မလျှော့ခင်မှာ ဘယ်နေရာတွေမှာ ကုန်နေတာလဲ အရင်သိဖို့လိုတယ်။ ကိုယ့်လုပ်ငန်း လက်ရှိလည်ပတ်နေတဲ့နေရာမှာ ဘယ်ကုန်ကျစရိတ်တွေထွက်နေလဲ။ စုစုပေါင်း ကုန်ကျစရိတ်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ဘယ်နေရာတွေမှာ သွားကုန်နေတာလဲ အရင်သုံးသပ်ဖို့လိုတယ်။ ဘယ်နေရာတွေက တကယ့် ကုန်ထုတ်စွမ်းအားအတွက် မလိုဘဲ သုံးနေမိတာလဲ။
Fixed Expense တွေက ဘာတွေလဲ။ အလုပ် လုပ်လုပ်၊မလုပ်လုပ် ကုန်မယ့် စရိတ်တွေက ဘာတွေရှိလဲ။ ဥပမာ။ ။ နေရာငှားရမ်းခ၊ ဝန်ထမ်းလခ။
Variable Expense တွေက ဘာတွေလဲ။ လုပ်ငန်းလည်ပတ်တဲ့အခါ၊ ထုတ်ကုန်အတွက် ကုန်ကျမယ့် စရိတ်တွေက ဘာတွေလဲ။ Financial Statement နဲ့ ကုန်ကျစရိတ် စာရင်းတွေကိုကြည့်ပါ။ မလိုဘဲ သုံးနေတဲ့ စရိတ်တွေ ဘာတွေရှိလဲ။ လျော့သုံးလို့ရမယ့် စရိတ်တွေ၊ ဖြုတ်ပစ်လိုက်လို့ရမယ့် နေရာတွေ ဘာတွေရှိလဲ ရှာပါ။
(စကားချပ်။ ။ Financial Ratio တွေအကြောင်း အပါအဝင် Cost-Cutting Strategies တွေ လေ့လာချင်တယ်ဆိုရင် “FSC” လို့ မက်ဆေ့ပို့ပြီး စုံစမ်းပါ။)
⚠️ ၂။ တန်ဖိုးတကယ်ပေးတဲ့ နေရာတွေကို သတိထားပြီးမှ လျော့ချဖို့ စဥ်းစားပါ။
ကုန်ကျစရိတ်တိုင်းက လုပ်ငန်းအတွက် အကျိုးကျေးဇူးမပေးဘူး။ တချို့ စရိတ်တွေက ဖောက်သည် တကယ်လိုလားတဲ့ ရလဒ်အတွက်လိုအပ်ပေမယ့် တချို့စရိတ်တွေက လိုကိုမလိုတာရှိတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေ၊ ကုန်ကြမ်းကောင်းကောင်းသုံးတာ၊ Service အတွက် ဝန်ထမ်းတွေသေချာ ခန့်ထားပေးတာမျိုးတွေဟာ ဝယ်သူအတွက် တန်ဖိုးတကယ်ပေးနေတာမျိုးတွေ ဖြစ်နိုင်တယ်။
ဒါပေမယ့် ကိုယ်က တန်ဖိုးလို့ မြင်ပေမယ့် ဝယ်သူအတွက် အရေးသိပ်မပေးတဲ့နေရာတွေလဲ ရှိနိုင်တယ်။
ဥပမာအနေနဲ့ တချို့ဆိုင်တွေမှာ စားပြီးရင် အချိုပွဲကို အလကား ချပေးတာရှိတယ်။ ပုံမှန်အားဖြင့်ကောင်းတယ်လို့ ယူဆလို့ရပေမယ့် စားသုံးသူ တော်တော်များများက ဒါကို သိပ်အရေးမပေးဘူးဆိုရင် ဒီလို ကုန်ကျစရိတ်မျိုးကို လျော့တာမျိုးလဲ စဥ်းစားနိုင်တယ်။
⚠️ ၃။ လုပ်ငန်းလည်ပတ်ရေး အဆင်ပြေချောမွေ့ရေးကို သေချာ အလေးပေးပါ။
အရင်းအမြစ်တွေကို ပြုန်းတီးစေတာ၊ ကုန်ကျစရိတ်တွေ တက်လာစေတဲ့အကြောင်းအရင်းတွေထဲမှာ မလိုအပ်ဘဲ ထပ်ခါထပ်ခါ လုပ်နေရတဲ့ လုပ်ငန်းစဥ်လဲပါတယ်။
လုပ်ငန်းလည်ပတ်ရေးကို ချောချောမွေ့မွေ့ လည်ပတ်နေအောင်လုပ်ထားနိုင်ရင် ကုန်ကျစရိတ်သက်သာသလို ထုတ်ကုန်စွမ်းအားလဲ မြှင့်တတ်လာမယ်၊ အရည်အသွေးကောင်းကောင်းထွက်မယ်။
ဘာလုပ်သင့်လဲဆိုရင် ကိုယ့်လုပ်ငန်း လည်ပတ်နေတဲ့ ဖြစ်စဥ်တစ်ခုလုံးကို စာရင်းပြုစုပါ။
ဘယ်နေရာတွေမှာ ထောက်နေတာတွေရှိလဲ။ မလိုအပ်ဘဲ အချိန်တွေအများကြီးသုံးနေရတာတွေ ဘယ်နေရာတွေရှိလဲ။
တချို့နေရာတွေကို Automatic အလိုအလျောက်စနစ်မျိုး ဖြစ်အောင်လုပ်နိုင်မလား။ လုပ်ရတဲ့အလုပ်ရဲ့ အဆင့်တွေလျော့ချတာမျိုး၊ တချို့အလုပ်တွေကို ပေါင်းပစ်တာမျိုး စဥ်းစားနိုင်တယ်။
ဂျပန်ထုတ်လုပ်မှု ပုံစံ၊ နည်းစနစ်၊ စည်းမျဥ်းတွေ ဖြစ်တဲ့ Lean Management Principle တွေအကောင်အထည်ဖော်နိုင်တယ်။ (FSC သင်တန်းမှာ လေ့လာနိုင်ပါတယ်။)
⚠️ ၄။ ကုန်ကြမ်းသမားတွေနဲ့ ညှိနှိုင်းပါ။
Input ကောင်းမှ Output ကောင်းမှာဖြစ်သလို၊ ကုန်ကြမ်းဝယ်ကတည်းက ဈေးကြီးနေရင်လဲ လုပ်ငန်းရဲ့ အမြတ်ကိုထိတယ်။
ဒါကြောင့် ကုန်ကြမ်းရောင်းတဲ့လူတွေ (Suppliers) တွေနဲ့ ဆက်ဆံရေးကောင်းတည်ဆောက်ထားနိုင်ဖို့ကြိုးစားရမယ်။
နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် နည်းလမ်းတွေ တိုင်ပင်ဆွေးနွေးပါ။ များများဝယ်ပြီး သက်သာတဲ့ဈေးနှုန်းနဲ့ ညှိတာမျိုး၊ ငွေပေးတဲ့ အချိန်ကို ညှိတာမျိုး၊ ရေရှည်ဝယ်ယူမယ့် စာချုပ်လုပ်ပြီး ဈေးညှိတာမျိုးတွေလဲ စဥ်းစားနိုင်တယ်။
နောက်တစ်ခုက တစ်ယောက်တည်းကို မှီတည်နေရတာမျိုးဖြစ်နေတယ်ဆိုရင် တခြား Suppliers တွေကို ဈေးကွက်မှာ ကိုယ်တိုင်လိုက်ရှာတာ၊ စုံစမ်းတာမျိုးတွေလဲ လုပ်သင့်တယ်။
ကုန်ကြမ်းမှာယူတာနဲ့ ပတ်သက်ရင် Demand Forecasting သေချာလုပ်တတ်ဖို့တော့ လိုနိုင်ပါတယ်။ (Better Sales Strategist Online သင်တန်းမှာ လေ့လာနိုင်ပါတယ်။)
⚠️ ၅။ ကိုယ့်အဖွဲ့သားတွေရဲ့ အားကို သုံးပါ။
ကိုယ့်ဝန်ထမ်းတွေဟာ လုပ်ငန်းကို တကယ်လည်ပတ်ပေးနေတဲ့လူတွေဖြစ်တဲ့အတွက် လက်တွေ့မှာဖြစ်နေတဲ့အနေအထားကို သေချာသိတတ်ကြပါတယ်။ ဘယ်နေရာတွေက အလေအလွင့်ဖြစ်နေလဲ။ ဘယ်နေရာတွေလျော့လို့ရမလဲဆိုတာကို ဝန်ထမ်းတွေဆီကနေလဲ မေးမြန်းဖို့လိုပါတယ်။
စရိတ်သက်သာမယ့် နည်းလမ်းတွေပြောပေးနိုင်တဲ့ လူတွေကို ဆုပေးတာမျိုးတွေ စဥ်းစားနိုင်ပါတယ်။
အားလုံးပေါင်းပြီး ဝိုင်းစဥ်းစားကြတဲ့ အလေ့အကျင့်လေး ဖြစ်အောင်လဲလုပ်ပါ။ စဥ်းစားလို့ထွက်လာတဲ့ စိတ်ကူးတွေ၊ အိုင်ဒီယာတွေကို အကောင်အထည်ဖော်ပြီး မှတ်တမ်းတင်ပြီး စဥ်ဆက်မပြတ်တိုးတက်လာအောင်လုပ်တဲ့ ဓလေ့ဖြစ်အောင် ဖန်တီးပါ။
⚠️ ၆။ ထပ်ခါထပ်ခါ ဝယ်သူတွေဖြစ်လာမယ့် နည်းလမ်းတွေကို အာရုံစိုက်ပါ။
ဝယ်သူအသစ်ရဖို့ကြိုးစားရတာထက် ဝယ်သူအဟောင်းတွေကို ထိန်းရတာမျိုး ကုန်ကျစရိတ် ကို ဆနဲ့ချီပြီး သက်သာတယ်ဆိုတာ သုတေသနပေါင်းများစွာမှာ တွေ့ခဲ့ပြီးသားဖြစ်ပါတယ်။ လက်ရှိရှိနေပြီးသား ဝယ်သူတွေကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားတာက သေချာပေါက် ဝယ်ဖြစ်သွားဖို့ များသလို စရိတ်အနေနဲ့ လဲ ပိုသက်သာပါတယ်။
ဝယ်သူတွေရဲ့ စကားသံကိုသေချာနားထောင်ပါ။ ကိုယ့်ထုတ်ကုန်၊ဝန်ဆောင်မှုကို စဥ်ဆက်မပြတ်တိုးတက်နေအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်ကိုလဲ လုပ်ငန်းတစ်ခုလုံးမှာ ထည့်ထားဖို့လိုမယ်။
“လူသိအောင်လုပ်ဖို့မခက်ပေမယ့် ဝယ်သူဖြစ်လာအောင်လုပ်ဖို့က ခက်ပါတယ်” ဒါကြောင့် ရှိပြီးသားဝယ်သူတွေကို ထိန်းဖို့ နည်းလမ်းတွေလဲ သေချာ စဥ်းစားပါ။
⚠️ ၇။ ကိုယ်လုပ်နေတဲ့ အစီအမံတွေကို ပုံမှန် သုံးသပ်တာ၊ လိုသလို ပြောင်းလဲတာမျိုး လုပ်ပါ။
“မပြောင်းလဲတာဆိုလို့ ပြောင်းလဲခြင်းဘဲ ရှိတယ်။”။ Entreprenures တွေ၊ အောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာ အပြောင်းအလဲနဲ့ စီးမျောနိုင်တဲ့လူတွေဖြစ်တယ်။
တချို့က အစီအစဥ်မရှိလုပ်တတ်တယ်။ တချို့က အစီအစဥ်ရှိတယ်။ အစီအစဥ်တိုင်းမဖြစ်လာရင်လက်လျော့လိုက်တယ်။
တကယ်အောင်မြင်တဲ့လူတွေကတော့ အပြောင်းအလဲအတိုင်းကို လိုက်ပြောင်းလဲကြပါတယ်။
လွန်ခဲ့တဲ့ သုံးလက စီမံချက်ဟာ အခု အလုပ်ဖြစ်ချင်မှဖြစ်မယ်။ စီးပွားရေး မငြိမ်မသက်ဖြစ်နေတဲ့အခြေအနေမျိုးမှာဆို ပိုလို့တောင် လိုက်ပြောင်းနိုင်ဖို့လိုတာပေါ့။
အပြောင်းအလဲတိုင်းမှာ ကုန်ကျစရိတ် နဲ့ လိုအပ်ချက်တွေဟာလဲ ပြောင်းလဲနေမှာပါ။ ဒါကြောင့် ပုံမှန် လုပ်ငန်းအခြေအနေကို စောင့်ကြည့်၊ သုံးသပ်တာမျိုးလုပ်ဖို့ သတ်မှတ်ပါ။ ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်ကိုရဖို့အတွက် လိုအပ်သလို လိုက်ပြောင်းနိုင်အောင် ပြင်ဆင်ပါ။KPI တွေသေချာ သတ်မှတ်ထားမှဘဲ ကိုယ့်အောင်မြင်မှုကို တိုင်းတာနိုင်မှာလဲ ဖြစ်ပါတယ်။
ကုန်ကျစရိတ်လျော့ချဖို့၊ အလေအလွင့်နည်းဖို့အတွက် သပ်သပ်အချိန်တစ်ခုပေးပြီး ဆွေးနွေးမယ့် အစည်အဝေးမျိုးကို တခါတည်း ရက်သတ်မှတ်ထားပါ။
ဥပမာ။ ။ အပတ်စဥ် သောကြာနေ့ ညနေ ၃ နာရီ။ ဒါမှမဟုတ် လစဥ် ၂၅ ရက်နေ့တိုင်း “Cost-Cutting Strategies Meeting” ရှိတယ် ဆိုတာမျိုးပါ။
စရိတ်လျော့ချပေမယ့် အရည်အသွေးမထိအောင်လုပ်တယ်ဆို အသုံးစရိတ်အကုန်လုံးကို လျော့ချလိုက်တာမျိုး မဟုတ်ဘူး။
စနစ်တကျ ဗျူဟာကျကျ သုံးသပ်လေ့လာပြီးမှ ဖြစ်သင့်တာတွေကို ရွေးချယ်ပြီး ပုံမှန်လုပ်သွားရမယ့် လုပ်ငန်းစဥ်ဖြစ်တယ်။
လုပ်ငန်းရဲ့ ရည်ရွယ်ချက်ဟာ ရပ်တည်ရေး ကိုဘဲ စဥ်းစားနေလို့မရဘူး။ အောင်မြင်မှုကို ရှေးရှုရမယ်။ အောင်မြင်မှုဟာ ရေရှည်သဘောဖြစ်ပါတယ်။
——
✅ ဘဏ္ဌာရေးအချိုးတွေကို သေချာတွက်ချက်တတ်ဖို့၊ နားလည်ဖို့၊
✅ ကိုယ့်လုပ်ငန်းအတွက် လက်တွေ့အသုံးချနိုင်မယ့် Cost-Cutting (ကုန်ကျစရိတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ)
✅ Profit Enhancement Strategies (အမြတ်တိုးအောင်လုပ်ဆောင်နိုင်မယ့် နည်လမ်း) တွေကို
✅ AI ကို ကိုယ့်အတွက် Financial Analyst အနေနဲ့ အကောင်းဆုံး အသုံးချချင်တယ်ဆိုရင်
Financial Stability : Cost-Cutting & Profit Enhancement Strategies သင်တန်းကို တက်ပါ။
09880902558 ကိုလဲ ဆက်သွယ်ပြီး စုံစမ်း၊ သင်တန်းအပ်နိုင်ပါတယ်။
Related Post
Related Course
Min Than Htut
MMK 83,000
Min Than Htut
Free
Min Than Htut
MMK 83,000
Shun Wutyi
Free
Min Than Htut
MMK 95,000
Min Than Htut
MMK 83,000
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000
Min Than Htut
MMK 500,000
Min Than Htut
MMK 83,000