◾ ဆိုရှယ်မီဒီယာသုံးနေတယ်ဆိုပါတော့။ သတင်းပေါင်းစုံတွေ့ရမယ်။ အငတ်ဘေး၊ ဆင်းရဲမွဲတေခြင်း၊ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲ၊ စစ်ပွဲတွေ၊ ကျားမ မညီမျှမှု။ ဒီအကြောင်းအရာတွေဟာ အရေးမပါဘူးလို့ ပြောမရပေမယ့် မြင်ရတာများလာတဲ့အခါ ထုံလာကြတယ်။
ဒါပေမယ့် အငတ်ဘေး၊ စစ်ဘေးခံစားနေရတဲ့ မမော် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို သူ့ကလေးတစ်ယောက်ကို ဖက်ထားပြီး မျက်ရည်တွေကျနေတဲ့ ပုံရိပ်မြင်လိုက်ရတဲ့အချိန်မှာ ဝင်ခံစားလိုက်မိတယ်။ ကိုယ့်အတွက်ပါ အရေးပါတဲ့ ခံစားချက်မျိုးပိုဖြစ်စေတယ်။ တစ်ခုခုကို ဝင်လုပ်ပေးချင်စိတ်ကို ပိုနှိုးဆွတယ်။ စိတ်ပညာမှာ ဒီသဘောတရားကို Identifiable Victim Effect လို့ပြောပါတယ်။
လူတစ်ယောက်သေတာဟာ ဝမ်းနည်းစရာဖြစ်ပြီးတော့ အများကြီးသေရင်တော့ စာရင်းဇယားသာ ဖြစ်သွားတတ်တယ်လို့ အဆိုတစ်ခုရှိတယ်။ သဘောက ရှင်းလင်းပြတ်သားတဲ့ ဇာတ်ကောင်ပြပြီး သီဖွဲ့ထားတဲ့ ဇာတ်လမ်းတွေဟာ ယေဘုယျအချက်အလက်နဲ့ တင်ပြတဲ့ အကြောင်းအရာတွေထက်ပိုထိရောက်တယ်။ ကြည့်မိတဲ့လူ၊ ဖတ်မိတဲ့လူကို တစ်ခုခု ထလုပ်စေချင်တဲ့ စိတ်၊ တွန်းအားကို ပိုဖြစ်စေတယ်။
ဒီတွေ့ရှိချက်ဟာ နာမည်ကျော် စိတ်ပညာရှင်တွေ ဖြစ်တဲ့ Amos Tversky နဲ့ Daniel Kahneman တို့ စမ်းသပ်ရှာဖွေ တွေ့ရှိခဲ့တာဖြစ်တယ်။ ဒီနှစ်ယောက်က Behavioural Economics ဘာသာရပ်ရဲ့ ဖခင်တွေလို့တောင် တင်စားကြတယ်။ (စာအုပ်အညွှန်း Think Fast & Slow စာအုပ်က တကယ်ဖတ်ကြည့်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။)
◾ “လူတွေရဲ့ ကိုယ်ချင်းစာစိတ်၊ ကူညီပေးချင်စိတ်၊ တစ်ခုခု လုပ်ပေးလိုက်ချင်စိတ်ကို နှိုးဆဖို့အတွက်ဆိုရင် လူတစ်ယောက်ရဲ့ ဇာတ်လမ်း၊ မျက်နှာ၊ ခံစားချက်တွေနဲ့ ပြသခြင်းက ယေဘုယျအချက်အလက်တွေထက်ကို ပိုထိရောက်တယ်။”
မားကက်တင်း အတွက်...
ကိုယ့်ထုတ်ကုန်၊ ရောင်းကုန်၊ စိတ်ကူး၊ ပရောဂျက်က ပေးမယ့် ရလဒ်ကြောင့် အဆင်ပြေသွားတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းမျိုးနဲ့ ချိတ်ဆက်ပါ။ လူတွေက သူတို့ခံစားချက်နဲ့ ချိတ်ဆက်လို့ရတဲ့ အမှတ်တံဆိပ်ကို ပိုပြီး အားပေးတတ်ကြတယ်။
--------------
အခုလို အရောင်းပိုင်း ၊ မားကတ်တင်းပိုင်းနဲ့ ပတ်သတ်တဲ့ ဗဟုသုတများကို Better Version Website မှာ အချိန်မရွေး၊ နေရာမရွေး လေ့လာဖတ်ရှုလို့ရပါတယ်။
Better Version - ရိုးရှင်းတယ်၊ ထိရောက်တယ်၊ လက်တွေ့ကျတယ်။
Related Post
Related Course
Min Than Htut
Free
Min Than Htut
MMK 83,000
Aung Min Nyein
MMK 70,000
Min Than Htut
MMK 83,000