တက္ကသိုလ်တုန်းက တစ်ည တစ်ဘာသာ ဖြတ်ပြီး ဖြေတဲ့ သူငယ်ချင်းတွေတွေ့ဖူးတယ်။ တညလုံး မိုးလင်းပေါက်တဲ့ထိကို စာကျက် မနက်ကျတော့ အိပ်ချင်မူးတူးနဲ့ သွားဖြေ။ ဘာမှလဲမမှတ်မိဘူး။ မအောင်ကြဘူးပေါ့ဗျာ။
ဦးနှောက်ကမှတ်တဲ့ပုံစံက တရစပ်ကြီး အတင်းမှတ်ခိုင်းရင် အလုပ်မလုပ်တဲ့ သဘောရှိတယ်။ တခုခုကို ကျက်မှတ်တဲ့အခါမှာ နားချိန် ကြားမှာ ခြားပြီးတော့ နောက်တစ်ခါ ထပ်ပြီးကျက်မှတ်တာမျိုးက ပိုထိရောက်တဲ့သဘောပါ။
သိမှုဆိုင်ရာ သိပ္ပံက ဒီအချက်ကို လေ့လာထားတာရှိတယ်။ ၁၉ ရာစုမှာ ဂျာမန် စိတ်ပညာရှင်တစ်ယောက် သူ့ရဲ့မှတ်ဥာဏ်ကို ကိုယ်တိုင် လေ့လာတဲ့ စမ်းသပ်ချက်တစ်ခုလုပ်တယ်။ တွေ့ရှိချက်ကတော့ တခုခုကို လေ့လာမှတ်သားတဲ့အခါမှာ တရစပ်ကြီး လေ့လာကျက်မှတ်နေတာထက် ကြားမှာ အချိန်တစ်ခုခြားလိုက်ပြီး ထပ်ခါထပ်ခါ လေ့လာတာမျိုးဟာ ပိုမှတ်မိလွယ်တယ်ဆိုတာ တွေ့ရှိသွားတယ်။
ဒီတွေ့ရှိချက်ကို အခြေခံပြီးနောက်ပိုင်းမှာ စမ်းသပ်မှုတွေဆက်လုပ်တယ်။
"ကျက်မှတ်လေ့လာတဲ့အခါ ကြားမှာ အချိန်ကာလ အပိုင်းအခြားတစ်ခုခြားပြီး ထပ်ပြီးတော့ ထပ်ခါထပ်ခါလေ့လာတာဟာ ရေရှည်စွဲမှတ်မှုကို ပိုဖြစ်စေတယ်။"
Spacing Effect
မားကက်တင်းမှာ မှာ Brand Recall အတွက် ဒီသဘောတရားကို ဆင်ခြင်နိုင်တယ်။ ကိုယ့်အမှတ်တံဆိပ်ကို မှတ်မိစေချင်တဲ့အခါမှာ တရစပ် ကြော်ငြာပြတာမျိုးထက်ကို အချိန်ကာလခြားပြီး ကြိမ်နှုန်းခွါပြတာက ပိုမှတ်မိစေနိုင်ပါတယ်။
လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးတဲ့အခါမှာလဲ တရစပ် တခါတည်းသင်ကြားတာမျိုးထက်ကို စဥ်ဆက်မပြတ် သင်ကြားလေ့ကျင့်တဲ့ ပုံစံဟာ ပိုပြီး ထိရောက်မှာဖြစ်ပါတယ်။
ကိုယ်တိုင် တခုခုကို သေချာ မှတ်မိဖို့လိုနေတာမျိုးဆိုရင် မကြာခင်ခန မြင်နိုင်မယ့် နေရာမျိုးတွေမှာ မှတ်ထားတာ၊ အချိန်တစ်ခုပေးပြီးတော့ ပုံမှန်မှတ်သားတာမျိုးက ပိုပြီး မှတ်မိစေနိုင်ပါတယ်။
- သင်နဲ့ သင့်လုပ်ငန်း စဥ်ဆက်မပြတ် တိုးတက်နေဖို့၊ သင့်လုပ်ငန်းတိုးတက်ရေး၊ စီမံခန့်ခွဲရေးတွေနဲ့ ပက်သက်ပြီး အကျိုးရှိတဲ့ Blog များကို Better Version Website မှာ အချိန်မရွေး ၊နေရာမရွေး လေ့လာဖတ်ရှုလို့ရပါတယ်။
နောက်တစ်ဆင့်တက်လှမ်းဖို့အတွက် Better Version ရှိပါတယ်။