ကိုယ့်လုပ်ငန်း အမှတ်တံဆိပ် ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 နည်းလမ်း ၇ ခု
Better Version

“7 Content Marketing Ideas to Elevate Your Brand”

- ကိုယ့်လုပ်ငန်း၊ကိုယ့်ထုတ်ကုန်ရဲ့ပုံရိပ်ကို အခုခေတ်စားနေတဲ့ Content Marketing ကတစ်ဆင့် မြှင့်တင်တဲ့အခါမှာ လုပ်ငန်း(သို့မဟုတ်) ထုတ်ကုန်အမှတ်တံဆိပ်နဲ့ကိုက်ညီရမယ်။ ပစ်မှတ်ထားချင်တဲ့သုံးစွဲသူတွေနဲ့ လိုက်လျောညီထွေမှုရှိရမယ်။ဒီလို နည်းဗျူဟာကျတဲ့ ၊ အဖိုးတန်ပြီး
တသမတ်တည်းရှိတဲ့ Contents တွေပါဝင်ရမှာဖြစ်ပါတယ်။

- ဒီမှာတော့ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ် ပုံရိပ်ကို မြှင့်တင်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်မယ့် Content marketing အကြောင်းတွေပြောပြပေးသွားပါမယ်။

1.  သင့်ထုတ်ကုန်ရဲ့ (Values) တန်ဖိုးကို သတ်မှတ်ပါ

သင့်ကုန်အမှတ်တံဆိပ်ရဲ့ တန်ဖိုးထားဖော်ပြရမယ့်အချက်တွေကိုရှင်းလင်းစွာ သတ်မှတ်ပါ။ပြီးတော့ ကိုယ်ဖန်တီးဖော်ပြထားတဲ့ Content ကသတ်မှတ်ထားတဲ့ အဲ့ဒီအခြေခံအချက်အလက်တွေကို ပေါ်လွင်အောင်ပြောပြပေးနိုင်ရပါမယ်။ အဲ့လိုတသမတ်ထဲဖော်ပြနိုင်တာက အချိန်ကြာလာတာနဲ့ ခိုင်မာပြီး မှတ်မိလွယ်ကူစေနိုင်မယ့် လုပ်ငန်း ပုံရိပ်ကို တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
(ဥပမာ- ကိုယ်က ဝန်ဆောင်မှု(service) ပေးတဲ့လုပ်ငန်းမျိုးဆိုရင်လဲ တစ်နေရာထဲမှာအကုန်ရနိုင်တဲ့ ဝန်ဆောင်မှု (1 stop service)ဆိုတာမျိုးကို အမြဲမြင်သာအောင် ဖော်ပြပေးနိုင်ရပါမယ်။)

2. အရည်အသွေးမြင့်ပြီး၊ အမြင်အာရုံ ဖမ်းစားနိုင်မယ့် Content တွေကိုပြုလုပ်ပါ။

အမြင်အားဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ရုပ်ပုံ၊ ဗီဒီယိုပါဝင်တဲ့

 ( Visual )Content များဖန်တီးရာမှာ ရင်းနှီး မြုပ်နှံပါ။ အဲ့ဒီမှာဆိုရင် ခေတ်နဲ့အညီဆန်းသစ်တဲ့ဒီဇိုင်းတွေ၊ အရည်အသွေးမြင့်ရုပ်ပုံတွေ ၊ Graphic video တွေပါဝင်ပါတယ်။ အမြင်အာရုံ ဆွဲဆောင်မှုရှိခြင်းက ထုတ်ကုန်အပေါ် ဝယ်ယူသုံးစွဲရဲ့စိတ်ကို ဆွဲဆောင်နိုင်ပြီး လုပ်ငန်းရဲ့ အရည်အသွေးကို သိသာထင်ရှားစွာ ပံ့ပိုးပေးပါတယ်။

3. အသိပညာပေး Content တွေဖော်ပြပေးပါ။

ကိုယ့်လုပ်ငန်းရဲ့အားသာချက်ကိုပဲဖော်ပြနေတာမျိုးမဟုတ်ပဲ တခြားအကျိုးရှိမယ့် ပညာပေး Content တွေကို ဖန်တီးပြီး ကိုယ့်လုပ်ငန်းနယ်ပယ် ထဲမှာ ကောင်းမွန်တဲ့ နေရာရယူထားပါ။ လမ်းညွှန်ချက်တွေ၊ ဆွေးနွေးပွဲတွေနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဘလော့ပို့စ်တွေဖန်တီးပါ။ တန်ဖိုးရှိတဲ့ အကြောင်းအရာ အချက်အလက်တွေကို မျှဝေပေးတဲ့ပုံစံကလဲ ပစ်မှတ်ထားတဲ့ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ရုံသာမက ကိုယ့်အမှတ်တံဆိပ်ကို တန်ဖိုးရှိတဲ့ အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။

4. စိတ်ခံစားချက်ကို လှုံံ့ဆော်ပေးနိုင်တဲ့ ဇာတ်ကြောင်းပြော Content

သုံးစွဲသူတွေနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုရှိတဲ့၊ ဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတွေကို ဖန်တီးပါ။အောင်မြင်ရေး ဇာတ်လမ်းတွေ၊သုံးစွဲသူတွေရဲ့ အဆင်ပြေချောမွေ့ပါတယ်ဆိုတဲ့ မှတ်ချက်တွေပါဝင်တဲ့ အကြောင်းတွေကို မျှဝေပေးပါ။ စိတ်ခံစားမှုဆိုင်ရာချိတ်ဆက်မှုတွေက ကိုယ့်လုပ်ငန်း၊ ထုတ်ကုန်ရဲ့ အမှတ်တံဆိပ်ပေါ်မှာ တန်ဖိုးထားစွဲမြဲသွားစေနိုင်ဖို့နဲ့ အကောင်းမြင်မှု ရရှိစေဖို့အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ အကူအညီတွေပဲဖြစ်ပါတယ်။

5. အမှတ်တံဆိပ်ကို မားကတ်တင်းချန်နယ်တွေမှာ တသမတ်တည်းပဲ သတ်မှတ်ခြင်း

Website, Facebook, Instagram နဲ့အခြားသောအသုံးပြုနေတဲ့ ဆိုရှယ်လ်ချန်နယ်လ်ပေါင်းစုံ၊ ဆိုရှယ်မီဒီယာပေါင်းစုံမှာ ကိုယ့်လုပ်ငန်းအမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို တသမတ်တည်း သတ်မှတ်ထားပါ။တသမတ်တည်း ရှိခြင်းက ကိုယ့်အမှတ်တံဆိပ်ကို မြင်လိုက်တာနဲ့ တန်းပြီးမှတ်မိနေစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

6. တုံ့ပြန်ချက်နဲ့ သက်သေခံချက်

ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး စိတ်ကျေနပ်မှုရရှိထားတဲ့ဖောက်သည်တွေဆီက အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေနဲ့ သက်သေခံချက်တွေကို ရယူပြီး သုံးစွဲသူအသစ်တွေ မြင်နိုင်အောင် ပြသပါ။ ဒီလို အထောက်အထားတွေက သုံးစွဲသူအသစ်တွေအတွက် ကိုယ့်လုပ်ငန်း၊ ထုတ်ကုန်အပေါ် ယုံကြည်မှုရယူစေနိုင်ပြီး ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးနဲ့ အောင်မြင်မှုအနေအထားတစ်ခုကို နောက်တစ်ဆင့်ထပ်မြှင်ဖို့ ကူညီပေးပါတယ်။ ဒါကြောင့် Website နဲ့ အခြားသော Social Media သုံးစွဲသူတွေရဲ့ မှတ်ချက်နဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဥ်းစားပါ။

7. ဝယ်သူကို အဓိကထားပြီးရေးတဲ့ Content

ဝယ်သူတွေရဲ့ လိုအပ်ချက်တွေ၊လိုချင်နေတာတွေ၊ စိန်ခေါ်မှုတွေနဲ့ စိတ်ဝင်စားမှုတွေကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ဦးစားပေးရေးသားပါ။ ဝယ်သူတွေစိတ်ကျေနပ်ဖို့ သင့်ထုတ်ကုန်၊ သင့်ဝန်ဆောင်မှုက ဘယ်လိုအသုံးဝင်ပါတယ်ဆိုတာကို ကိုယ်ပစ်မှတ်ထားတဲ့ သုံးစွဲသူတွေအတွက် တိုက်ရိုက်ပြောပြပေးနေတဲ့ Content တွေပေးပါ။

~  Content Marketing ရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ဝယ်သူတွေကိုနားလည်နေဖို့၊ ကိုယ့်အမှတ်တံဆိပ်ရဲ့ တန်ဖိုးထားမှုတွေကို အဆက်မပြတ်ဖော်ပြပေးနေဖို့နဲ့ တုံ့ပြန်ချက်တွေ အပေါ်အခြေခံပြီး ဝယ်သူတွေကို ချဥ်းကပ်တဲ့ပုံစံပြောင်းဖို့ ဆိုတာ သတိရပါ။
 

~  ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ပုံရိပ်(brand image)ကို ပုံဖော်တဲ့အခါ Content ရဲ့ထိုးဖောက်နိုင်စွမ်းကို ကိုယ့်ရဲ့နည်းလမ်းဗျူဟာတွေအလိုက် လိုက်လျောညီထွေရှိနေအောင် အမြဲပြန်လည်ဆန်းစစ်နေရပါမယ်။

~  အခုက Content Marketing ရဲ့အရေးပါတဲ့ နည်းလမ်းတွေကို ပြောပြပေးခဲ့ပြီဖြစ်လို့ ကိုယ့်လုပ်ငန်းမှာ အသုံးဝင်နိုင်မယ့်နည်းလမ်းတွေကို ချမှတ်နိုင်ဖို့မျှော်လင့်ပါတယ်။

နောက်တစ်ပတ်မှာလဲ ဒီနေ့ခေတ် ဆိုရှယ်မီဒီယာမှာ ခေတ်စားပြီး ဈေးကွက်ကိုအလွယ်တကူထိုးဖောက်နိုင်မယ့်”Content Marketing Trend” တွေကို ထပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

 Better Version မှာ Sales Leader, Marketing Strategies, Customer Service နဲ့ ပက်သက်တဲ့ Online Courses တွေကိုလဲ သင်ကြားပေးနေတာကြောင့် အသေးစိတ်ကို 

09 880 902 558-559 သို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။

Better Version - Simple. Effective. Practical

4 Likes

Related Post

logo

လုပ်ငန်းရှင်များ နှင့် Professionals များအတွက် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ၊​ Personal Development၊​ Professional Development အတွက်

CoursesBooksBlogsSuper VersionLearnAbout Us
social-tel://09880902558social-mailto://hello@betterversion.netsocial-https://facebook.com/betterversion.netsocial-https://www.youtube.com/c/BetterVersionMM
Google Play StoreApp Store
© 2025 Better Version. All rights reserved.
facebookyoutube