ကိုမြင့်ဆိုသူက သူရဲ့ဆိုင်လေးကို မနက်မိုးမလင်းမီကတည်းက ဖွင့်လှစ်ပြီး ညဉ့်နက်မှ ပိတ်ရသော လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်။
ဖောက်သည်တွေရဲ့ မေးခွန်းတွေကို ပြန်ဖြေရတာ၊ ကုန်ပစ္စည်းစာရင်း စစ်ရတာ၊ Facebook မှာ ပို့စ်တင်ရတာကအစ ဝန်ထမ်းစီမံခန့်ခွဲတဲ့အထိ အလုပ်မှန်သမျှကို တစ်ယောက်တည်း ဒိုင်ခံလုပ်နေရသူပါ။
တစ်ခါတစ်ရံမှာ "ဒီအလုပ်တွေကို ငါ့ကိုယ်စား တာဝန်ယူပေးမယ့် လက်ထောက်တစ်ယောက်လောက် ရှိရင် ဘယ်လောက်ကောင်းမလဲ" လို့ သူ တွေးမိတတ်ပါတယ်။ ဒီလို ကိုမြင့်တို့လို လုပ်ငန်းရှင်တွေအတွက် တကယ်ကို အားကိုးရမယ့် နည်းပညာအသစ်ကတော့ Agentic AI ပဲ ဖြစ်ပါတယ်။
Agentic AI ဆိုတာ ဘာလဲ။
ရိုးရှင်းစွာပြောရရင် သူဟာ "စမတ်ကျတဲ့ လက်ထောက်တစ်ဦး" နဲ့ တူပါတယ်။ သာမန် AI တွေလို ခိုင်းတာလေးပဲ လုပ်တာမျိုးမဟုတ်ဘဲ၊ ကိုယ်ပေးလိုက်တဲ့ ရည်မှန်းချက်တစ်ခု အောင်မြင်ဖို့အတွက် ဘာတွေဆက်လုပ်ရမလဲဆိုတာကို သူကိုယ်တိုင် စဉ်းစား၊ ဆုံးဖြတ်ပြီး အလုပ်ကို အစအဆုံး ပြီးမြောက်အောင် လုပ်ပေးနိုင်တဲ့ စနစ်ပါ။
ဥပမာ - "ဒီလအတွက် အရောင်းအစီရင်ခံစာ လုပ်ပေးပါ" လို့ ပြောလိုက်ရင် သူက လိုအပ်တဲ့ ဒေတာတွေကို ကိုယ်တိုင်လိုက်ရှာမယ်၊ တွက်ချက်မယ်၊ ပြီးရင် ဇယားတွေ၊ ဂရပ်တွေနဲ့ အစီရင်ခံစာတစ်ခုလုံး အသင့်ဖြစ်အောင် လုပ်ပေးသွားမှာပါ။
နေ့စဉ်လုပ်ငန်းခွင်မှာ အချိန်ကုန်လူပန်းဖြစ်စေတဲ့ အလုပ်တွေ၊ ဒါမှမဟုတ် လူအင်အားအများကြီးသုံးပြီး ထပ်တလဲလဲ လုပ်နေရတဲ့ အလုပ်တွေကို AI ဆီ လွှဲပြောင်းပေးလိုက်ပါ။ ဒါမှသာ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အသေးအဖွဲကိစ္စတွေမှာ အချိန်ကုန်မနေတော့ဘဲ လုပ်ငန်းရဲ့ အနာဂတ်အတွက် တကယ်အရေးကြီးတဲ့ မဟာဗျူဟာ (Strategy) ချမှတ်တဲ့နေရာတွေမှာ အပြည့်အဝ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် ဒီ Agentic AI ကို ကိုယ့်လုပ်ငန်းထဲမှာ တကယ်ထိရောက်အောင် ဘယ်လိုစပြီး အသုံးချမလဲ။
ဒီအဆင့် (၃) ဆင့်အတိုင်း စဉ်းစားပြီး စတင်နိုင်ပါတယ်။
၁။ ပြဿနာကို ရှာဖွေဖော်ထုတ်ခြင်း (Identify the Problem)
ကိုယ့်လုပ်ငန်းမှာ ဘယ်အလုပ်တွေက အချိန်အကုန်ဆုံးလဲ (ဥပမာ - စာပြန်တာ၊ Report လုပ်တာ) ဆိုတာ အရင်ရှာပါ။
ဥပမာ - ဖောက်သည်တွေရဲ့ မေးခွန်းတွေကို ထပ်တလဲလဲ ပြန်ဖြေနေရတာမျိုးလား၊ ဒါမှမဟုတ် Social Media မှာ ပို့စ်တင်ဖို့ အမြဲရုန်းကန်နေရတာလား၊ ကုန်ပစ္စည်းစာရင်းတွေ လိုက်စစ်နေရတာနဲ့ပဲ အချိန်ကုန်နေတာလား၊ ရောင်းအားဒေတာတွေကို အစီရင်ခံစာ ပြန်စုနေရတာလား စတာတွေကို သေချာကြည့်ရပါမယ်။
၂။ ရည်မှန်းချက်နှင့် စည်းမျဉ်းများ သတ်မှတ်ခြင်း (Define Goals and Rules)
AI ကို ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ၊ ဘယ်အချိန်မှာ လူကို အကြောင်းကြားရမလဲဆိုတဲ့ စည်းကမ်းတွေ သတ်မှတ်ပေးရပါမယ်။
ဥပမာပြောရရင် "Customer မေးတာတွေကို ၂၄ နာရီအတွင်း ပြန်ဖြေပေးပါ" ဒါမှမဟုတ် "ပစ္စည်းပြတ်သွားရင် စာရင်းစစ်ဌာနကို ချက်ချင်းအကြောင်းကြားပါ" ဆိုတာမျိုးတွေပေါ့။ AI တစ်ယောက် ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်ပေးနိုင်မလဲဆိုတာကတော့ သင်ဘယ်လိုအချက်အလက်တွေ ပေးထားသလဲနဲ့ ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ပေးထားသလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။
၃။ စတင်အသုံးပြုခြင်းနှင့် ပြန်လည်သုံးသပ်တိုးတက်အောင် လုပ်ဆောင်ခြင်း (Deploy and Refine)
အသုံးပြုရင်းနဲ့ အမှားအယွင်းရှိရင် ပြင်ဆင်ပေးပြီး ပိုတော်လာအောင် လေ့ကျင့်ပေးရပါမယ်။နည်းပညာသည် အမြဲတမ်း ပြောင်းလဲတိုးတက်နေသောကြောင့် AI ကို အပ်ဒိတ်လုပ်ခြင်းနှင့် အချက်အလက်အသစ်များဖြင့် လေ့ကျင့်ပေးခြင်းတို့သည် အလွန်အရေးကြီးပါသည်။
Agentic AI ကို အသုံးပြုခြင်းဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ_
ဖောက်သည်ဝန်ဆောင်မှု :၂၄ နာရီပတ်လုံး မေးခွန်းတွေကို အလိုအလျောက် တိတိကျကျ ပြန်ဖြေပေးနိုင်မယ်။
စျေးကွက်ရှာဖွေရေး လူမှုကွန်ရက်ပို့စ်တွေ ရေးပေးတာအပြင် ကြော်ငြာတွေကိုပါ စီမံခန့်ခွဲပေးမယ်။
ကုန်ပစ္စည်းစီမံခန့်ခွဲမှု: ပစ္စည်းပြတ်တော့မယ့်အချိန်ကို ကြိုသိပြီး အလိုအလျောက် ပြန်မှာယူပေးမယ်။
Agentic AI က လုပ်ငန်းတွေကို ပိုပြီး စမတ်ကျလာအောင် ကူညီပေးနိုင်တဲ့ အစွမ်းထက် ကိရိယာတစ်ခုပါ။
ဒါပေမဲ့ စသုံးတဲ့အခါမှာတော့ အဆင့်ဆင့်သွားဖို့နဲ့ သူ့ရဲ့ ကန့်သတ်ချက်တွေကို နားလည်ထားဖို့ လိုပါတယ်။ အရာအားလုံးကို ချက်ချင်းကြီး အလိုအလျောက် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တာထက် သေးငယ်တဲ့ ပြဿနာလေးတွေကို အရင်ဖြေရှင်းရင်း ဖြည်းဖြည်းချင်း ချဲ့ထွင်သွားတာက ပိုကောင်းပါတယ်။
အခုဆိုရင် ကိုမြင့်လို လုပ်ငန်းရှင်တွေဟာ နေ့စဉ်အလုပ်တွေအတွက် စိတ်ပူနေမယ့်အစား AI ကိုသုံးပြီး အချိန်နဲ့ လုပ်အားကို ချွေတာလာနိုင်ပါပြီ။
ဒါမှလည်း လုပ်ငန်းတိုးတက်ဖို့အတွက် ပိုပြီး အာရုံစိုက်နိုင်မှာပါ။
နည်းပညာအကူအညီနဲ့ ကိုယ့်လုပ်ငန်းကို ပိုထိရောက်၊ ပိုစမတ်ကျပြီး အောင်မြင်အောင် လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိနေလို့ အဓိကကတော့ အခုကတည်းက စတင်လေ့လာပြီး လက်တွေ့အသုံးချကြည့်ဖို့ပါပဲ။
ကိုယ့်ရဲ့လုပ်ငန်းကိုလည်း AI နဲ့အတူ အရှိန်အဟုန်မြှင့် တိုးတက်စေဖို့ Agentic Ai သင်တန်းမှာ အသေးစိတ် လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်။
သင်တန်းအကြောင်း စုံစမ်းလိုပါက 09 880 902 558/559 ကို ဆက်သွယ်နိုင်သလို Page Messenger မှာလည်း "Agentic "ပို့ပြီးမေးမြန်းနိုင်ပါတယ်။
Better Version - ရိုးရှင်းတယ်၊ ထိရောက်တယ်၊ လက်တွေ့ကျတယ်။